အပိုင်း (1)

333 56 44
                                    

Unicode

21 ရာစုနှောင်းပိုင်းတွင် တိုးတက်လာသည့် နည်းပညာများနှင့်အတူ လူတို့၏အတွေးအခေါ် အယူအဆများ ပြောင်းလဲလာသည့်အတွက် နိုင်ငံအချင်းချင်း လူမျိုး အသားရောင် ခွဲခြားကန့်သတ်ထားမှုများ စစ်ပွဲများဟူ၍မရှိတော့ချေ။ သိပ္ပံနည်းကျ တွေးခေါ်တတ်သူများသာ ကျန်ရှိတော့သဖြင့် ဘာသာရေးနှင့် ပက်သက်သော အကြောင်းအရာများသည်ပင် ကျောင်းစာအုပ် သင်ရိုးညွှန်းတမ်းများတွင်သာ ရှိတော့သည်။ ထိုသို့ ပြောင်းလဲလာသော်လည်း နည်းပညာတိုးတက်လာသည်နှင့်အတူ အဖျက်သမား လူဆိုးများ၏ အစွမ်းသည်လည်း တိုးတက်လာခဲ့သည်။ အထူးသဖြင့် စတီဗင်ကင်ဆိုသောလူသည် ကမ္ဘာ အန္တရာယ်အကြီးဆုံး ရာဇဝတ်ကောင် ....

အတော်ဆုံးသိပ္ပံပညာရှင်ဖြစ်ခဲ့သော စတီဗင်ကင်က ငယ်ဘဝစိတ်ဒဏ်ရာကြောင့် အဆိုးဝါးဆုံး ဆိုက်ကိုပက်တယောက်ဖြစ်လာခဲ့သည်။ Interpo FBI CIA မည်သည့်အဖွဲ့အစည်းကမှ သူ့ကိုဖမ်းဆီးနှိမ်နှင်း၍မရ၊ သူ့ဒေါသကိုသာ ဆွသလို ဖြစ်ခဲ့သည့်အတွက် 2100 ပြည့်နှစ်၏ New Year ညတွင် အနုမြူလက်နက်များ တရစပ်ပစ်ခတ်ပြီး တကမ္ဘာလုံးကို ဖျက်စီးလိုက်တော့သည်။ အသက်ရှင်ကျန်ရစ်သော လူသားဟူ၍ ကမ္ဘာမြေဆွဲအား လျော့နည်းလာမှုကြောင့် ဝေးကွာလာသည့် လပေါ်တွင် သုတေသနလုပ်နေသော ရစ်ခီတို့အဖွဲ့သာ ကျန်ရှိတော့၏

သူတို့အဖွဲ့ခေါင်းဆောင်ကျူးကျန်းထင်က အချိန်ခရီးသွားစက်ကိုသုံးပြီး ကမ္ဘာမြေကို ကယ်တင်မည်ဟု ဆိုသည်။ ခက်သည်ကား ၎င်းစက်ကို တီထွင်ခဲ့သည့် သူ့ရည်းစားက စက်ြာဝဠာဝင်ပေါက်ကို သုသေသနလုပ်မည်ဟုဆိုကာ ထွက်သွားတည်းက ပြန် ရောက်မလာသည်မှာ 2နှစ်ခန့်ရှိပြီ။ အချိန်ခရီးသွားစက်ကလည်း စီးနင်းသူနှစ်ယောက်ရှိရမည် ဖြစ်သည့်အတွက် အဖွဲ့ထဲအငယ်ဆုံးဖြစ်သည့် ရစ်ခီနှင့် ကျန်းဟောက်ကိုသာ လွှတ်ရန် နောက်ဆုံး ဆုံးဖြတ်လိုက်ရတော့သည်။ သူတို့၏တာဝန်မှာ 2044 သို့ ပြန်သွားကာ စတီဗင်ကင် မမွေးဖွားလာရန် တားဆီးရမည် ဖြစ်သည်။

ဘာတွေ ဘယ်လိုမှားယွင်းသွားလဲတော့ မသိပါ။ ရစ်ခီတို့ ကမ္ဘာမြေပေါ်ရောက်တော့ စက်အင်ဂျင်အလွန်အမင်းပူလာသဖြင့် အသက်ကယ်လေထီးနှင့် ဆင်းလိုက်ရပြီး ရောက်ရှိရမည့်အချိန်ထက် နှစ်20 လောက် စောရောက်သွားသည်။ ပြီးနောက် အတူလာသော ကျန်းဟောက်မှာလည်း သေလားရှင်လားပင် မသိ ပျောက်ဆုံးနေပြန်သေး၏ ပစ္စည်းထည့်ထားသည့်အိတ်နှစ်အိတ်လုံး ရစ်ခီဆီပါလာသည့်အတွက် တခြားသူသာဆို အသက်ရှင်ရင်တောင် ရပ်တည်ဖို့ ခက်ခဲမည်ဖြစ်သော်လည်း ကျန်းဟောက်ကိုတော့ သူစိတ်မပူပေ။ သူ့သူငယ်ချင်း ကျန်းဟောက်က အသက်သာရှင်နေလျှင် မိချောင်းကန်ထဲ ပြုတ်ကျရင်တောင် မိချောင်းနဲ့ မိတ်ဆွေဖွဲ့ပြီး အချိန်အနည်းငယ်အတွင်း မိ‌‌ချောင်းဘုရင်တောင် ဖြစ်နိုင်တဲ့ ဇမျိုးနဲ့ ကောင်

22ရာစုက ကျနော့်ရည်းစားWhere stories live. Discover now