"သောက်စရာတွေရပါပြီ~"
"စားပွဲကညစ်ပတ်နေလို့အရင်သန့်ရှင်းပေးပါဦး~"
"ရတာပေါ့ အခုချက်ချင်းသန့်ရှင်းပေးပါ့မယ်~"
ပြောင်ရှင်းနေတဲ့စားပွဲပေါ်လေးဘက်ထောက်တက်သွားတဲ့ကောင်လေးက ဧည့်သည်ဘက်တင်ပါးကော့ထားပေးကာ
စားပွဲကိုအင်္ကျီလက်နဲ့ပွတ်တိုက်နေလေရဲ့~
*ဘာလဲ အဲ့လိုအမြဲလုပ်ရမှာလား အဲ့လိုဆိုမဖြစ်ဘူးလေ~*
"ရပြီ ပြောင်ရှင်းသွားပြီ~"
"စိတ်တိုင်းကျရဲ့လား~"
"အရမ်းစိတ်တိုင်းကျတယ် မုန့်ဝယ်စားလိုက်~"
"အို့!...ကျေးဇူးတင်ပါတယ်သူဌေး~"
ကောင်လေးရဲ့တင်ပါးကိုညစ်ကိုင်ပြီး
ဘောင်းဘီအိတ်ကပ်ထဲပိုက်ဆံအုပ်လိုက်ထည့်ပေးတဲ့ဧည့်သည်ကြောင့်ဂျောင်ကုမျက်နှာလွှဲလိုက်ချိန်လွှဲလိုက်တဲ့ဘက်မှာ
waiterကောင်မလေးရဲ့ရင်သားတွေထဲပိုက်ဆံထည့်ပေးတာကိုမြင်ရပြန်ရော~
"ဟိုလေ အမြဲတမ်းအဲ့လိုတွေလုပ်ရတာလားဟင်~"
"မဟုတ်ဘူး အဲ့တာကသူတို့ရဲ့ကျွမ်းကျင်မှုလေ
ဧည့်သည်တွေတောင်းဆိုတာကိုလိမ္မာပါးနပ်စွာလုပ်ပေးနိုင်ရင်
လုပ်ပေးနိုင်သလောက်ပိုက်ဆံရတယ် ကဲအလုပ်စတော့~"
"အာ..Nae~"
"ဝိုင်းနံပါတ်ခြောက်ကိုသွားပို့~"
"ဟုတ်..ဟုတ်ကဲ့~"
*ဧည့်သည်တွေ ဘာမှမတောင်းဆိုပါစေနဲ့~*
စိတ်ထဲကနေဆုတောင်းပြီ တုန်တုန်ယင်ယင်နဲ့သွားလိုက်တဲ့ဂျောင်ကုက ပို့ရမယ့်ဝိုင်းကိုရောက်တော့
ဧည့်သည်သူဌေးက အနားမှာအပျော်မယ်တွေနဲ့~
"အရင်နေ့တွေကမတွေ့ပါဘူး အသစ်လား~"
"ဟုတ်ပါတယ် ဒီနေ့မှအလုပ်စဝင်တာပါ~"
*စိတ်အေးအေးထားဂျောင်ကု မင်းကသရုပ်ဆောင်ဖြစ်လာမယ့်သူမို့ဟန်ဆောင်နိုင်ရမယ်~*
"တစ်ပတ်လှည့်ပြကြည့်~"
"ဟုတ်ကဲ့~"
ဂျောင်ကုကပြောတဲ့အတိုင်းလက်ခံကာ ဖြည်းဖြည်းချင်း
ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ပြတော့ဧည့်သည်ကပြုံးနေတာမို့
ဂျောင်ကုလန့်နေရောဘဲ~
YOU ARE READING
~~Mask~~{Complete}