"သရုပ်ဆောင်ဆိုတာ ဇာတ်ကောင်ကိုရုပ်လုံးပေါ်အောင်ဆောင်ရွက်ရတာကိုခေါ်တယ်~"
"Nae~"
"အခု သားတို့သမီးတို့ဒီမေဂျာကိုရွေးလာကြတာ
ရည်ရွယ်ချက်ကိုယ်စီရှိကြတယ်မဟုတ်လား~"
"ဟုတ်ပါတယ်~"
"အဲ့တာဆို သားဂျောင်ကု ပြောကြည့်ပါဦး
သားရဲ့ရည်ရွယ်ချက်ကဘာလဲ~"
"ကျွန်တော့်ရည်ရွယ်ချက်က ကျွန်တော်ဝါသနာပါတဲ့အလုပ်နဲ့ပိုက်ဆံရှာနိုင်ဖို့ပါ~"
"အွန်း မဆိုးဘူး ဒါဘေမဲ့ သရုပ်ဆောင်အလုပ်က
သရုပ်ဆောင်မကောင်းရင်
ငွေရှာဖို့ခက်ခဲမယ် ဒါကြောင့်ကြိုးစားဖို့လိုတယ်~"
"ဟုတ်ကဲ့ ကျွန်တော်ကြိုးစားမှာပါ~"
သရုပ်ဆောင်မေဂျာမို့ စာတွေကခက်ခဲတာမရှိဘေမဲ့
တက်ရတဲ့အတန်းကအရမ်းများတာမို့
ကျောင်းဆင်းတာနဲ့အလုပ်လုပ်ရတဲ့ဂျောင်ကုမှာ
ပင်ပန်းလို့နားချင်ရင်တောင်မရ~
"တာဝန်ကျေလိုက်ပါဦး~"
"ဟုတ်ကဲ့ပါ~"
တစ်ညနေလုံးအလုပ်လုပ်ပြီးညကိုးနာရီထိုးတော့
ဂျောင်ကုအလုပ်နားပြီးတိုက်ခန်းပြန်ရာ
ညစာစားဖို့အတွက်အသင့်စားခေါက်ဆွဲတွေတောင်ဝယ်လာသေး~
"ဒီညတော့ ခေါက်ဆွဲဘဲစားတော့မယ်~"
"..........."
"ဟိုလူကစီနီယာထယ်ယောင်းနဲ့တူလိုက်တာ~"
အကောင်းစားစားသောက်ဆိုင်ကြီးထဲမှာ
မိသားစုနဲ့အတူထမင်းစားနေတဲ့ထယ်ယောင်းကိုတွေ့တော့
သူကိုင်ထားတဲ့ခေါက်ဆွဲဗူးနဲ့ ခပ်နွမ်းမနွမ်းသူ့အဝတ်စားတွေကိုကြည့်ကာသက်ပြင်းချမိလေတဲ့ဂျောင်ကု~
*စီနီယာထယ်ယောင်းနဲ့ငါက မိုးနဲ့မြေလိုကွာခြားတယ်
အကောင်းကြိုက်တဲ့နှလုံးသားရယ် မင်းကိုအလိုလိုက်လို့မဖြစ်ဘူး~*
အမျိုးအမည်မသိတဲ့အပြုံးလေးနဲ့အိမ်ပြန်သွားတဲ့ဂျောင်ကုက
နောက်ရက်တွေမှာထယ်ယောင်းနဲ့မတွေ့အောင်ရှောင်နေပြီး
စာနဲ့အလုပ်ပေါ်မှာဘဲအာရုံစိုက်ထားလေရဲ့~
YOU ARE READING
~~Mask~~{Complete}