ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

116 21 0
                                    

Chapter 113
Imperial MeowAugust 03, 2023


Chapter 113





လင်းရု​ဖေးသည် အသက်ရှူကျပ်ခြင်းမှ တဖြည်းဖြည်း ပြန်လည်သက်သာလာသည်။ သူသည် ကုတင်အစွန်းကိုမှီပြီး ပြင်းထန်စွာ ခန္ဓါကိုယ်ကို ​ကွေးထားသည်။ အရိပ်မည်း၏လုပ်ရပ်ကြောင့် သူ့နှုတ်ခမ်းထောင့်စွန်းများသည် အက်ကွဲ​နေပြီး အနီ​ရောင်တောက်တောက်သွေးစက်များစွာသည် သူ၏မေးစေ့အောက်သို့ တဖြည်းဖြည်း ကျဆင်းလာသည်။ ရွှမ်ချင်းသည် ပိုးသားလက်ကိုင်ပုဝါကို ထုတ်ကာ လင်းရူဖေး၏ နှုတ်ခမ်းပေါ်ရှိ သွေးစက်များကို ညင်သာစွာ သုတ်ပေးလိုက်ပြီး ​စိုးရိမ်စွာ ​မေးလိုက်သည်။

“လင်းကုန်းဇီ မင်း အဆင်ပြေရဲ့လား"

လင်းရု​ဖေးသည် ခေါင်းခါလိုက်ပြီး “ဘာမှ မပြင်းထန်ပါဘူး ဆရာတော်ရွှမ်ချင်း​ရော အနောက်ကလိုက်မသွားဘူးလား အဲဒီအရာက ချီဓားကို အရမ်းကြောက်ပုံမပေါ်ဘူး"

"မလိုပါဘူး" ရွှမ်ချင်းသည် ဖြည်းညှင်းစွာပြောလိုက်သည်။

"အဲဒါက ဘာလဲဆိုတာ ဒီကိုယ်တော်သိတယ်"

လင်းရု​ဖေးသည် စပ်စုစွာဖြင့် "အဲဒါက ဘာလဲ"

သို့သော် ရွှမ်ချင်းသည် ပြန်မဖြေပေ။ လင်းရုဖေး နားမလည်နိုင်သော စာနာမှုများပါဝင်​နေသည့် သနားကြင်နာသောမျက်လုံးများဖြင့် လင်းရုဖေးကို တိတ်တဆိတ်သာ ကြည့်​နေသည်။

လင်းရု​ဖေးက နားမလည်​ပေ။ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဆရာတော်ရွှမ်ချင်း ဘာကို ဆိုလိုတာလဲ"



"ဘာမှမဟုတ်ပါဘူး လင်းကုန်းဇီ အ​တော်ဒုက္ခ​ရောက်ခဲ့မှာပဲလို့ ​တွေးမိရုံပါ" ရွှမ်ချင်း ပြန်ဖြေလိုက်သည်။

လင်းရုဖေးသည် ပါးစပ်ထောင့်ရှိဒဏ်ရာကို လက်​ချောင်းများဖြင့် ဖိလိုက်သည်။

သူသည် တုန့်ဆိုင်းသွားပြီးနောက် ဘာမှမဖြစ်သလို သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး “ဒါက ဒဏ်ရာသေးသေးလေးပါ ပြဿနာမရှိပါဘူး"

"အဲဒီအရာကို ​တွေ့တဲ့အခါ တစ်​ယောက်​ယောက်က​တော့ အမြဲဒုက္ခရောက်တယ်"

ဆောင်းနှင်းဓါးထက်ချယ်ရီဝေWhere stories live. Discover now