မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

Começar do início
                                    

" လင်းနို့မိစ္ဆာလား..."

ချူးယွီက ကြိုးမှကိုင်ပြီး လွေ့အာကိုထုတ်လိုက်ကာ နှာခေါင်းရှုံ့လိုက်သည်။

" တကယ်ကို သူ့ဆီက သွေးနံ့ရနေတာပဲ... Dutchman’s Pipeပန်းနဲ့ ကွိုင်းငါးရဲ့အနံ့တောင် နည်းနည်းရသေးတယ်... သူက အဲဒီယောင်ကျင့်ကြံသူနှစ်ယောက်ကို သွေးစုပ်ထားတာပဲ..."

ဖူလီက စကားမပြောမီ ‌စဉ်းစားနေသည်။

" နိုင်ငံခြားမိစ္ဆာတွေက အရှေ့တိုင်းဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တာလား..."

" မပြောနိုင်ပါဘူး..."

ကျွမ်းချင်က ချူးယွီကို လက်ညှိုးထိုးလိုက်သည်။

" အဲ့လောက် ရွံစရာကောင်းတာကြီးကို ခပ်ဝေးဝေးမှာ ထားလိုက်..."

ချူးယွီက တံခါးနားကို ခြေလှမ်းအနည်းငယ်ခန့် တိုးသွားသည်။ ထိုအခါမှသာ ဖူလီကိုင်ထားသော လက်ဖက်ရည်ခွက်က မူ‌လနေရာသို့ ပြန်ရောက်သွားသည်။  ကျွမ်းချင်က သူ့နားရောက်လာပြီး ခုံတစ်လုံးဆွဲ၍ ထိုင်လိုက်သည်။

" မင်း သူ့ကိုဖမ်းမိတာ ကံကောင်းသွားတာပဲ... မဟုတ်ရင် တခြားလူတွေလည်း စိတ်အေးလက်အေး နေနိုင်မှာမဟုတ်ဘူး..."

" ဒီကိစ္စကတော့ တကယ့်ကို တိုက်ဆိုင်သွားတာ... တကယ်လို့ ခရုစုပ်ငှက်သာ သူ့ပိုက်ဆံအိတ်ကို ပြုတ်မကျခဲ့ဘူးဆိုရင် သူ့ပိုက်ဆံအိတ် ပြန်ပေးဖို့ ငါလည်း နောက်က လိုက်လာမိမှာ မဟုတ်ဘူး... အဲဒါဆိုရင် ဒီလင်းနို့မိစ္ဆာကိုပါ ဖမ်းမိတော့မှာ မဟုတ်ဘူး..."

ထိုအခါမှသာ ဖူလီက ခရုစုပ်ငှက်၏ပိုက်ဆံအိတ်က သူ့ထံတွင် ရှိနေသေးကြောင်း သတိရသွားသည်။ ပိုက်ဆံအိတ်ကိုထုတ်ပြီး ဘေးနားကိုကြည့်လိုက်သည့်အခါ ထောင့်နားတွင်ရပ်နေသည့် ခရုစုပ်ငှက်ကို မြင်လိုက်ရသည်။

" မင်းရဲ့ပိုက်ဆံအိတ် ဒီမှာနော် တစ်ခုခုပျောက်နေလား ရှာကြည့်ပါဦး..."

" ဘာ ဘာမှမပျောက်ပါဘူး..."

ခရုစုပ်ငှက်က အနားကို တစ်လှမ်းချင်းကပ်လာပြီး ပိုက်ဆံအိတ်ကိုလှမ်းယူလိုက်သည်။ သူ့အတွက်မူ ကျွမ်းချင်နှင့် တစ်မီလီမီတာခန့် ပိုဝေးလေ ထွက်ပြေးနိုင်ရန် အခွင့်အရေးပိုများလေဖြစ်သည်။ ပိုက်ဆံအိတ်ကို သူ့အိတ်ကပ်ထဲ ထည့်လိုက်ပြီးသည့်နောက်တွင် ကျေးဇူးတင်စကားပြောပြီး ကတိုက်ကရိုက်ပြေးထွက်သွားသည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းOnde as histórias ganham vida. Descobre agora