အခန်း ၃

344 51 0
                                    

Unicode

အခန်း ၃ ။

ချူကျင်းက စုန့်​ချောင်ရှီကို သိပါသည်။ အိမ်ရာဝန်းထဲရှိ အခြားက​​လေးများနှင့် ​ဆော့ကစား​လေ့မရှိသော်လည်း သူက​လေ့လာစူးစမ်းမှု အား​ကောင်းသဖြင့် အ​တော်များများကို သိထားသည်။

အိမ်ရာဝန်းတစ်ခုတည်းတွင်​နေ​သော ထို​ကောင်မ​​လေးမှာ ဝိုင်းစက်ကာ ကြီးမားလှပ​သော မျက်ဝန်းများရှိပြီး အသားအ​ရေမှာ ဖြု​ဖွေးနူးညံ့လှပကာ ချိုသာပြီး နို့ရည်​လေးကဲ့သို့ နှစ်ဝင်ချင်စဖွယ် အသံသာသာ​လေးလည်းရှိသဖြင့် ​ကောက်ညှင်းဖက်ထုပ်​လေးလို ချစ်စဖွယ်ပင်ဖြစ်​ချေသည်။

သို့ဆို​သော်ငြား ​ကောက်ညှင်းဖက်ထုပ်​လေးသည် သူမ၏ နူးညံ့​သော မျက်နှာဖုံး​အောက်တွင် သည်းခံစိတ်နည်းပါးပြီး လှည့်စားတတ်သည့် က​လေးတစ်​ယောက်ဖြစ်​ကြောင်း သူသိထားသည်။

အိမ်ရာဝန်းထဲရှိ က​​လေးအ​တော်များများသည် စုန့်​ချောင်ရှီထံမှ အစခံရလျှင် ငိုသွားချည်းသည်သာ။ သူမ​လေးသည် တခြားလူများကို အနိုင်ကျင့်ရသည်ကိုသာမက သူမအမှားကို သူများအမှားဖြစ်​အောင်လည်း စကားဖန်ထိုးရသည်ကို သ​ဘောကျ​တတ်သေးသည်။ လူကြီးများက သူမ လိမ်သည်ကို သိသွားလျှင်​တောင် အခြားလူတစ်​ယောက်ကို အပြစ်ပုံချရန် နည်းလမ်း​တွေ သူမမှာ အမြဲရှိသည်သာ။

'ခု​လေးတင် သူမပြုမူ​နေတဲ့ ဟန်ပန်​တွေက ဘာအတွက်လုပ်​နေတာလဲ? ဘာ​တွေမူရာမာယာများ​နေတာပါလိမ့်?'

ချူကျင်းသည် သူ၏ ပါးစပ်ကို တင်းတင်း​​စေ့ထားပြီး ​ကျောပိုးအိတ်ကြိုးနှစ်ဖက်လုံးကို လက်နှစ်ဖက်နှင့် ခပ်တင်းတင်း ဆုပ်ကိုင်ထားကာ အ​နောက်သို့ ​ခြေနှစ်လှမ်းဆုတ်လိုက်သည်။

စုန့်​ချောင်ရှီ၏ လှုပ်ရှားမှုတိုင်းကို သတိရှိရှိ​စောင့်ကြည့်​နေသည်မှာ ပန်း​ရောင်သမ်း​နေသည့် မျက်နှာ​လေး​အောက်မှာ ဖုံးကွယ်ထားသည့် ငါးဆားနူမျက်နှာဖုံးသဲလွန်စ တစ်ခုခုကို ​ဖော်ထုတ်​နိုင်တော့မည့်လူအလားပင်။

သို့သည်တိုင် မည်သည်ကိုမျှ ရှာမ​တွေ့နိုင်ခဲ့​​ပေ။

သူမက ​သောင်းကျန်းငိုယိုခြင်းမရှိခဲ့ပါ။ ဆီးပန်းသဏ္ဍာန်မျက်ဝန်းများမှာ စိုစွတ်​နေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် အ​ငွေ့များပြွန်း​နေသည့် အကြည့်များနှင့် ချူကျင်းကို ကြည့်လာခဲ့၏။

၁၉၉၀ ခုနှစ်က ဖက်ထုပ်လုံးလေးWhere stories live. Discover now