အခန်း ၂

379 52 0
                                    

Unicode

အခန်း ၂ ။

စုန့်​ချောင်ရှီသည် မီးရထားဘူတာရုံ ရဲဌာနရှိ သစ်သားခုံတန်းရှည်၌ ထိုင်​နေရင်း သူမ၏ ​ခြေ​ထောက်တိုတိုတုတ်တုတ်က​လေးများကို လွှဲယမ်း​နေမိသည်။ "​ပျော်ရွှင်မှု" တံဆိပ်နှင့် အချိုရည်ပုလင်း​ကို လက်နှစ်ဖက်လုံးတွင် ဆုပ်ကိုင်လျက် ပိုက်ဖြင့် စုပ်​သောက်​နေသည်။

လူမှုဖူလုံ​ရေး မိဘမဲ့​ဂေဟာ၌ နှစ်သစ်ကူးရက်များတွင်သာ က​လေးများသည် အချိုရည်​သောက်ခွင့်ရ​လေသည်။

"​ပျော်ရွှင်မှု"

လက်ထဲမှ နို့နှစ်​ရောင်ပုလင်း​လေးကို ကြည့်ရင်း ချိုချိုချဥ်ချဥ်အရသာကို ပြန်တမ်းတ​​အောက်​မေ့​နေမိသည်။

များမကြာမီတွင် ​လျှောက်လမ်းစင်္ကြံ၌ ​​အ​လောတကြီးနိုင်​နေ​သည့် ​ခြေသံများ၊ ခပ်ဆူဆူအသံများကို ကြားလိုက်ရသည်။ ရုံးခန်းတံခါးသည်လည်း ဘန်းခနဲမြည်သံနှင့်အတူ အဖွင့်ခံလိုက်ရ​ချေ၏။

အသံကိုကြားသည်နှင့် စုန့်​ချောင်ရှီသည် သူမ၏ ​ခေါင်း​လေးကို ဆန့်၍ တံခါးဝသို့ ကြည့်​လေရာ တံခါးဝ၌ မတ်တပ်ရပ်​နေသည့် သက်လတ်ပိုင်းအရွယ် လူနှစ်​ယောက်ကို ​မြင်လိုက်​ရလေသည်။

အမျိုးသားမှာ အရပ်မြင့်မြင့်နှင့် နှာတံနည်းနည်းပွကာ ခပ်​ကောက်​ကောက် လှိုင်းထ​နေသည့် ဆံပင်များကို လှန်တင်ထားသည်။ မျက်နှာမှာ အ​မွေးအမျှင်ထူပြီး မုတ်ဆိတ်​မွေးတို့ရှိသည်။ ရှပ်အင်္ကျီကြယ်သီး တစ်လုံးနှစ်လုံးကို ဖြုတ်ထားကာ အင်္ကျီလက်များကို လက်​မောင်းထိ​ရောက်​အောင် ​ခေါက်တင်ထား၏။ ခါးပတ်၌မူ ​ပေဂျာစက်(20th Century Girl ကားထဲမှာပါတဲ့ ဖုန်း​ခေါ်ဖို့ စာဝင်တဲ့ ပီပီစက်​လေးပါ) ကို တပ်ဆင်ထားသည်။


အမျိုးသမီးမှာ မင်းသမီးအီရှာကဲ့သို့ ရှည်လျားလှ​သော ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားပြီး ဖြူ​ဖွေးနုညက်သည့် အသားအ​ရေနှင့် လိုက်ဖက်သည့် စိမ်းပြာ​ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ကြင်နာနူးညံ့​လှပသည့် မျက်ဝန်းများတွင် မျက်ရည်များ ရစ်သိုင်း​နေပြီး နှာဖျား​လေး​တွေမှာ နီရဲ​နေ​ပေသည်။

​မေ​မေနဲ့​ဖေ​ဖေ​ရောက်လာပြီပဲ!

သူမအ​​ဖေနာမည်မှာ စုန့်ကျင်း​ကော်ဖြစ်ပြီး သတင်းစာတည်းဖြတ်သူတစ်​ယောက်ဖြစ်ကာ ​အမြဲတမ်းလိုလိုပင် အချိန်ပိုဆင်းရ၍ အလုပ်ရှုပ်​နေတတ်​ကြောင်း မှတ်မိ​လေသည်။ အ​မေနာမည်ကတော့ ​ချောင်ချင်းဖြစ်သည်။ အထက်တန်းပြဆရာမတစ်ဦးဖြစ်၏။ သူမ၌ အလုပ်မှာလည်း အားလပ်ချိန်ရှိတတ်ပြီး ​နွေနှင့်​ဆောင်းရာသီ ​ကျောင်းပိတ်ရက်များရှိသည်။ သွင်ပြင်များမှာ မှတ်ဉာဏ်ထဲက ပုံစံအတိုင်း တစ်ပုံစံတည်းပင်။

မိဘများကို ​တွေ​ဝေစွာ ကြည့်ရင်း သူမနှုတ်ခမ်းများမှာ အနည်းငယ်ပွင့်ဟလာ​သော်လည်း စိတ်မှာအလွန်လှုပ်ရှား​နေသဖြင့် စကားမ​ပြောနိုင်​ပေ။

အမှန်​တော့ ယခုအခိုက်အတန့်၌ စုန့်​ချောင်ရှီ မ​ပျော်နိုင်ပါ။ ခုန​​လေးကတင် သူမ ပြဿနာရှာထားခဲ့တာ မဟုတ်လား။

သူမ ဘာလို့ ဘူတာရုံမှာ တစ်​ယောက်တည်း ​ရှိ​နေရတာလဲ?

အ​ကြောင်းအရင်းမှာ သူမမိဘ​တွေက သူမကို မူကြို​​ကျောင်းပို့ရန်စီစဥ်ခဲ့ကြလို့ပင်။ သို့​သော်ငြား မူလပိုင်ရှင်က ​ကျောင်းမတက်လိုခဲ့​ပေ။

တစ်မနက်လုံး အတန်းတက်ကာ ​နေ့လယ်စာစားချိန်ကို အခွင့်​ကောင်းယူ၍ စာအုပ်များကို ဆုတ်ဖြဲပစ်သည်။ အ​မေ့ပိုက်ဆံအိတ်ထဲမှ ခိုးထားသည့် ပိုက်ဆံများနှင့်အတူ ​နောက်ပြန်လှည့်မကြည့်ဘဲ ရထားဘူတာသိူ့ ထွက်လာခဲ့​တော့သည်။ အဘိုးအဘွားများ အိမ်သို့ သွားရန် ပြင်ဆင်ခဲ့ခြင်းပင်။ အဘိုးအဘွားများက သူမကိုဆိုလျှင် အလွန်အလိုလိုက်ပြီး သူမ ဘာပဲ​​တောင်းဆိုဆို ဖြည့်ဆည်း​ပေးမည်သာဖြစ်သည်။

သို့​ပေမဲ့ ဘူတာသို့​ရောက်သည့်အခါ ​မြောက်ဘက်သို့သွားမည့် ရထားကို ရှာလို့မတတ်ဘဲ မျက်စိလည်​နေသည့်အပြင် လူကုန်ကူးခံရ​တော့မလိုပင် ဖြစ်ခဲ့​သေးသည်။

​ကျောင်း​ပြေးခြင်း၊ စာအုပ်များဆုတ်ဖြဲခြင်း၊ ပိုက်ဆံခိုးခြင်း၊ မ​​ပြောမဆိုဘဲ ထွက်သွားခြင်း စသည်တို့သည် မိဘမဲ့​ဂေဟာ၌မူ အကြီးဆုံး​သော အပြစ်များပင်ဖြစ်၏။ စုန့်​ချောင်ရှီသည် မီး​ရောင်မရှိသည့် အ​မှောင်ခန်းထဲတွင် ပိတ်ထားပြီး အပြစ်​ပေးခံရခြင်းကို အ​ကြောက်ဆုံးဖြစ်သည်။

ကိုယ့်ကိုယ်ပိုင် လက်​ချောင်းများကိုပင် မမြင်နိုင်သည့် ​နေရာကျဥ်း​လေး၌ ​နေရခြင်းက စဥ်ဆက်မပြတ်​သော ​ကြောက်ရွံ့တုန်လှုပ်မှုကို ​ပေးစွမ်းပြီး စဥ်းစား​တွေး​ခေါ်နိုင်စွမ်းများပင် ​အေးစက်သွားရ​​လေသည်။

အတိတ်ဘဝနှင့် ယခုဘဝမှတ်ဉာဏ်များ ​ရော​ထွေး​နေမှုက ဦး​နှောက်ကို အတန်ငယ်မျှ ဒွိဟဖြစ်​စေသည်။ မြင်ကွင်းများပင် ​ဝေဝါးလာရသလိုပင်။

သူမ အ​​မေ သူမဆီသို့ ရုတ်တရက်​ပြေးဝင်လာသည်ကို ​တွေ့လိုက်ရသည့်အခါ ထိတ်လန့်တကြား မျက်စိမှိတ်လိုက်မိသည်။

'ပြီးပြီ။ ဒါကမှ တကယ့်ပြဿနာကို ရင်ဆိုင်ရမယ့်အချိန်ပဲ။'

သူမ ​မျှော်လင့်ထားခဲ့သည့် ​ဒေါသတကြီး ရိုက်နှက်မှုမျိုး၊ ကျယ်ကျယ်​လောင်​လောင် ဆူပူခြင်းမျိုး ထွက်ကျမလာသည့်အတွက် အင်မတန် အံ့ဩသွားရသည်။

​နွေး​ထွေးမှု​လေးတစ်ခုပင်။ အင်မတန် ​နွေး​ထွေးလှသည့် ​​ပွေ့ဖက်မှု​လေးတစ်ခု....


သူမအ​မေ၏ လက်​မောင်းများကြားတွင် တင်းကြပ်စွာ ​ထွေး​​ပွေ့ခံလိုက်ရပြီး​နောက် တုန်ရီ​နေသည့် အသံနှင့် စကားစ​ပြော​လေသည်။

"ရှီရှီ သမီးက ​မေ​မေ့ကို ​လန့်ပြီး​သေသွား​အောင် လုပ်လိုက်တာပဲ။ ဘယ်ကို ထွက်သွားလိုက်တာလဲ။ ​နောက်ကို အဲလိုထွက်မသွားရဘူး​နော်။ သမီးက ​အ​မေမရှိဘဲ ဘာလုပ်နိုင်မှာမို့လို့လဲ။"

အ​​မေ့ကို ပြန်ဖက်ထား​သော လက်က​လေးကို ​နောက်လက်တစ်ဖက်က ဆွဲကိုင်ထားသည်။ အ​ဖေ့လက်ပင်။

သူက စိတ်သက်သာရရသွား​​သောအပြုံးမျိုးကို ပြုသည်။ တစ်တုတ်​နေ​သည့် လက်က​လေးကို နူးနူးညံ့ညံ့ ညင်ညင်သာသာ ဖြစ်ညှစ်ရင်း နှစ်သိမ့်​ပေး​နေ၏။

"ဘာမှမဖြစ်ဘူး​နော် ရှီရှီ။ ဘာမှမဖြစ်ဘူး သမီး​လေး။"

အ​မေက သူမကို ဖွဖွ​လေးနမ်းပြီး အ​ဖေက သူမလက်က​လေးကို မလွှတ်တမ်းဆုပ်ကိုင်ထားသည်။ စုန့်​ချောင်ရှီ၏ ဦး​နှောက်က​လေးမှာ ဆန်ပြုတ်အိုးခဲ ထည့်ကြိုခံလိုက်ရသလိုပင် ​​ပျော့ပြဲပြီး ဘာမှမ​တွေးတတ်​တော့​ပေ။

'ဒီ​လောက် တရားလွန်ဆိုးသွမ်းထားတာ​တောင် ဘာလို့အဆူမခံရတာလဲ။ ဆူတာ​လောက်က​တော့ ​ပြောမ​နေနဲ့ အရိုက်ခံရရင်​တောင် မလွန်ပါဘူး။'

မိဘ​တွေရဲ့ သားသမီးများအ​ပေါ် ထားရှိသည့် ချစ်ခြင်း​မေတ္တာမှာ တကယ်ကိုပဲ အကြွင်းမရှိသည်​လော။

မတတ်နိုင်စွာပဲ သူမသည် ဝတ္ထုစာအုပ်ထဲမှ သူမမိဘများ၏ ဘဝနိဂုံးကို လက်ခံဖို့ အလွန်ရုန်းကန်ခဲ့ရ​ကြောင်း သတိရမိသွားသည်။

သူမ အသက်(၁၉)နှစ်အရွယ်၌ ဖခင်ဖြစ်သူသည် နာမည်ပျက်သည်အထိ အစွပ်စွဲခံရပြီး ထိုနာမည်ဆိုး​အောက်၌ပင် ဇာတ်သိမ်းမလှစွာ တိမ်းပါးသွားခဲ့ရပြီး မိခင်မှာမူ စိတ်ထိခိုက်​ကြေကွဲမှု​ကြောင့် စိတ္တဇ​ဆေးရုံ၌ ဘဝဆုံးခဲ့ရ​လေသည်။

ထိုအ​ကြောင်းကို ​တွေးမိရုံနှင့်ပင် သူမတစ်ကိုယ်လုံး တုန်လှုပ်လာရသည်။

​အ​ယောင်​ယောင်အမှားမှားနှင့် ခေါင်းကို ခါယမ်းလိုက်ပြီး အ​မေဖြစ်သူ၏ ပုခုံး၌ မှီတွယ်ရင်း အသက်ရှုကြပ်လာမိသည်။

မျက်ရည်များကို ခမ်း​ခြောက်​စေရင်း သူမကိုယ်သူမ တိတ်တဆိတ် ကျိန်ဆိုမိပါရဲ့။

'​နောက်ကို ဘယ်​တော့မှ ထွက်မ​ပြေး​​တော့ဘူး။ တစ်ဘဝလုံး မိဘ​တွေနဲ့ပဲ အတူရှိ​နေပြီး သူတို့အနားမှာပဲ​နေမယ်။ ကျ​ရောက်လာမယ့်အန္တရာယ်​တွေက​နေ အ​မေနဲ့အ​ဖေကို ကာကွယ်​ပေးသွားမယ်။'

"ဟုတ်ပါပြီကွာ။ ငါ့သမီး​တော့ အဖက်ခံရလွန်းလို့ အသက်ရှူရကြပ်​နေ​တော့မှာပဲ။"

သူမအ​ဖေက အ​မေ၏ ​ကျောပြင်ကို ပုတ်တာ သတိ​ပေးပြီး​နောက် သူမ၏ပါး​ဖောင်း​ဖောင်း​လေးများကို ချစ်နိုး​မွှေးကြူလိုက်၏။

မုတ်ဆိတ်​မွေးများက သူမ၏ ပါးအိအိ​လေးများကို ပွတ်တိုက်သွားပြီး အနည်းငယ်စူးသဖြင့် ယားယံလာရသည်။ စုန့်​ချောင်ရှီက မခိုးမခန့်​​လေးပြုံးကာ မုတ်ဆိတ်​မွေးများကို ​ရှောင်ကာ သူ့အ​မေလက်​မောင်းထဲသို့ ဝင်ပုန်းလိုက်၏။

​မေတ္တာ​တွေနဲ့ ဝိုင်းဝန်းထားတာကို ခံရတဲ့ စိတ်ခံစားမှုက သိပ်ကိုကြည်​​မွေ့​ပျော်ရွှင်ဖွယ်​ကောင်းသည်ပဲ။ ​လောကတွင် အ​ကောင်းဆုံး​သော မိဘများကို ပိုင်ဆိုင်ထားရသည်ဟု ထင်မှတ်မိလိုက်သည်။ ဒီ​မေတ္ထာများကို တန်ဖိုးထားပြီး ​မေတ္တာကို တန်ပြန်နိုင်သမျှအစွမ်းကုန်တန်ပြန်​ပေးပြီး ချစ်လိုက်မည်သာ။

ရဲများက အမှုမှတ်တမ်းပြုလုပ်ပြီး အ​သေးစိတ်​မေးမြန်းစုံစမ်းပြီးသည့်​နောက်တွင် မိဘများက သူမကို ပြန်​ခေါ်လာခဲ့ကြသည်။ ရဲဌာနမှ ထွက်မလာမချင်း သူမမိဘများက ရဲများကို ​​ကျေးဇူးတင်​ကြောင်း ထပ်ခါထပ်ခါ ​ပြောဆို​နေခဲ့ကြ​သည်။

ရဲစခန်းမှ ထွက်လာခဲ့ကြသည့်အခါ စုန့်​ချောင်ရှီဖခင်က သူ့သမီးကို ပုခုံး​ပေါ်တင်ချီမထားကာ ရထားဘူတာရုံအပြင်မှ ပါကင်​နေရာသို့ မိသားစုသုံး​ယောက်သည် အတူထွက်လာခဲ့ကြ၏။

အ​ဖေ၏ ပုခုံး​ပေါ်၌ ခိုစီးလာရင်း စုန့်​ချောင်ရှီသည် ဘုရားသခင်က ​နောက်ဆုံး​တော့ သူမကို မျက်နှာသာ​ပေးပြီဟု ခံစား​နေရ၏။

အမြင့်မှကြည့်သည့်အခါ လူတိုင်းက ​သေး​သေးက​လေး ဖြစ်သွားသလိုပင်။ ​နေဝင်ဆည်းဆာ​ကြောင့် ​ကောင်းကင်သည် ကြက်ဥအနှစ်​ရောင်သမ်း​နေပြီး ည​နေခင်း​လေ​ပြေ​လေးကလည်း ​အေးမြလှသည်။ သက်​တောင့်သက်သာရှိလိုက်ပါဘိ။

​လေထဲတွင် ဆီ​ညှော်နံ့က ကပ်ပါလာ၏။ အနံ့မခံမိစရာအ​ကြောင်းမရှိ​ပေ။ ကူကယ်ရာမဲ့စွာပင် သူမဗိုက်ထဲမှ ဂွီဂွီဂွမ်ဂွမ်အသံများက မြည်လာ​တော့သည်။

​ဖေ​ဖေစုန့်က ထိုအသံကို ကြားသွားပုံရသည်။ ​အသားပြည့်​နေသည့် ​ခြေ​ထောက်တုတ်တုတ်​​လေးများကို လှုပ်ယမ်းလိုက်ပြီး အ​ရှေ့၌ မြင်​နေရသည့် အသားများကို တံစို့ထိုး၍​ကြော်​ရောင်း​နေ​သော လက်တွန်းလှည်းဆိုင်​လေးကို ညွှန်ပြလာသည်။

"ဗိုက်ဆာ​နေတာလား ​သမီး​လေး။ ဝက်အူ​ချောင်း​ကြော် စားမလား။"

ဝက်အူ​ချောင်း!

၁၉၉၀ ခုနှစ်က ဖက်ထုပ်လုံးလေးWaar verhalen tot leven komen. Ontdek het nu