<<<🔞 Episode 9 🔞>>>

1.1K 22 1
                                    

Episode 9

Unicode

သုံးနှစ်ကြာသော်~

"အစည်းအဝေး ၃နာရီစပါမယ် သံအမတ်ကြီး"

"ကောင်းပြီ"

သံအမတ်ကြီးဆိုသောသူက နိုင်ငံ့သမ္မတကြီးတောင် ယုံကြည်အားကိုးရလွန်း၍ သမ္မတကြီးရဲ့ ဘယ်လက်ရုံးလို့တောင် တင်စားခေါ်ဝေါ်ရသည်အထိပင်။

◇လွန်ခဲ့သော ၃နှစ်ခန့်က◇

ရှောင်းကျန့်တစ်ယောက် သူ့ယောင်္ကျားရဲ့မြို့တော်ဝန်အိမ်တော်ကအပြန် ရှောင်နန်းတွင်းကိုသွားပြီး သူ့ရဲ့အဖေဖြစ်သူကို ဖက်ကာ ရင်ကွဲမတတ်ငိုယိုခဲ့သည်။

ရှောင်အတိုင်ပင်ခံကြီးကတော့ သူ့သားဘာဖြစ်လာလဲဆိုတာ မသိပေမယ့် သူ့ကိုဖက်ကာငိုနေသော သူ့သားငယ်လေးကိုကြည့်ကာ ရင်ထဲမကောင်းဖြစ်နေခဲ့သည်။ ငိုလို့ဝသွားတော့မှ အဖေဖြစ်သူ ရှောင်အတိုင်ပင်ခံကြီးကို အကြောင်းစုံပြောပြလိုက်ကာ ရှောင်းကျန့်ပြောသော အကြောင်းအရာတွေအကုန်လုံးကို ကြားပြီးသကာလ မြို့တော်ဝန်ကို သွားသတ်မယ်ဆိုသော ရှောင်အတိုင်ပင်ခံကြီးကြောင့် ရှောင်းကျန့်မှာ ငိုယိုပြီးတားခဲ့ရပြန်သည်။

မချစ်လို့မဟုတ် မုန်းလို့မဟုတ် ဖောက်ပြန်ခြင်းခံခဲ့ရပေမယ့် သူ့ချစ်ရသူထိခိုက်မှာကိုတော့ သေလောက်အောင်ကြောက်ပါသည်။ ချစ်ရသူရဲ့ ဆံပင်မွေးလေးတစ်မွေးတောင် အထိခိုက်မခံနိုင်တဲ့ရှောင်းကျန့်အဖို့ ရှောင်အတိုင်ပင်ခံကြီးကို မနည်းတားယူကာ သူ့ဘဝကိုပြောင်းလဲပစ်ဖို့ကို ကူညီပေးဖို့တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုချက်ကို ရှောင်အတိုင်ပင်ခံကြီးက ကြည်ဖြူစွာ လက်ခံခဲ့သည်။ ဘာကြောင့်ဆို သူ့သားက သူ့လမ်းစဥ်အတိုင်းလျှောက်မည်ဆိုသောကြောင့် ဝမ်းသာကာ လက်ခံခဲ့ခြင်းပင်။ ပျော့တီးပျော့ဖက်နိုင်သော ဆရာဝန်အလုပ်ကို အစကထည်းက သဘောမကျခဲ့ပေမယ့် သူ့သားရဲ့ ပြင်းပြနေသောဆန္နကြောင့်ရော၊ သူ့သားမက်အကောင်းစားလေးရဲ့ တောင်းဆိုမှုရောကြောင့် သဘောမတူချင်ပေမယ့်လည်း သဘောတူခဲ့ရသည်။

ရှောင်အတိုင်ပင်ခံကြီးရဲ့ သင်ပြပေးမှုကြောင့် ခက်ခက်ခဲခဲလိုက်လုပ်နေရတဲ့အပြင် စိတ်ပင်ပန်းဆင်းရဲမှုတွေကို နေ့တိုင်းနီးပါးခံစားရပြီး စိတ်ဖိစီးမှုတွေဖြင့် အစားအသောက်ပျက် အအိပ်ပျက်ကာ ကြိုးစားခဲ့ရသော ရှောင်းကျန့်အဖို့ ကြမ်းတမ်းလှသော ဆူးခင်းလမ်းထဲ ဖိနပ်မပါပဲလျှောက်လှမ်းနေရသလိုပင်။ ဒီကြားထဲ ချစ်ရသူကို လွမ်းဆွတ်နေရတဲ့ ဒဏ်ကိုလည်းခံရသေးသည်။

&quot;မြို့တော်ဝန်၏ အသည်းညှာ&quot; 《COMPLETED》Where stories live. Discover now