<<<🔞 Episode 3 🔞>>>

1.7K 46 0
                                    

Episode 3

Unicode

"ဘွား ကိုယ်တိုင်က သားနဲ့တွေ့ချင်လို့ သားအတွင်းရေးမှုးကိုဖုန်းဆက်ပြောလိုက်တော့ ဒီနေ့ ဒီမှာ ဝန်ကြီးတွေနဲ့ အစည်းအဝေးရှိတယ်ပြောလို့ သားနဲ့စကားပြောရအောင် စောစောထွက်လာလိုက်တာ လာလာထိုင်"

"ဟုတ်လားဘွား ကျွန်တော့်အတွင်းရေးမှုးက ဝန်ကြီးများအစည်းအဝေးပဲရှိတယ်ပြောလို့ ဘွားနဲ့တွေ့ရမယ်ဆိုတာတောင် မသိခဲ့ဘူး"

"ဘွားကလည်း ထွေထွေထူးထူးမဟုတ်တော့ မြို့တော်ဝန်ကို မပြောလည်းရတယ် ၁နာရီလောက်သာစောပြီး ခေါ်ခဲ့ပေးလို့ပဲပြောခဲ့တာကြောင့် ပြန်မပြောတာထင်တယ် ဘာပဲဖြစ်ဖြစ် သားလည်းရောက်လာပြီပဲ ဒါနဲ့ အလုပ်ကိစ္စတွေရော အဆင်ပြေရဲ့လား" ဟု ရှောင်ဘွားကမေးတော့။

"ပြေပါတယ်ဘွားရယ် ဒီလိုပါပဲ"မျက်နှာမကောင်းသလိုပြောတော့

"သားရယ် အဓိကက စိတ်ချမ်းသာဖို့ပဲ ကျန်တာကိုတော့ သိပ်ခေါင်းထဲမထည့်နဲ့ပေါ့ ဟုတ်ပြီလား ကိုယ်စိတ်ချမ်းသာဖို့ကအဓိကပဲ"

ရှောင်ဘွားက အလုပ်ကိစ္စတွေကို ထဲထဲဝင်ဝင်မသိသူမို့ ပေါ့ပေါ့ပါးပါးနှစ်သိမ့်သည်။

"ဟုတ်ဘွား" မြို့တော်ဝန်လည်း အပြုံးသေးသေးလေးပြုံးကာ ပြန်ပြောလိုက်ရင်း တံခါးခေါက်သံကြောင့် တံခါးပေါက်ဝကို လှည့်ကြည့်မိသည်။

"ဘွားရေ ဟီး သားလာပြီ အယ်...."ရှောင်းကျန့်တစ်ယောက် အခန်းထဲ ကဗျာကယာဝင်လာပြီး မြို့တော်ဝန်ကိုတွေ့တော့မှ အံ့သြကာ ရပ်သွားသည်။

"ကျန့်အာလေး လာလေ" ဘွားကခေါ်တော့ ဘွားနားကိုသွားကာ မြို့တော်ဝန်ကိုလှမ်းကြည့်မိသည်။

မျက်မှောင်ကြုံ့ကာ သူ့ကိုကြည့်နေသူကြောင့် ရှောင်းကျန့်ပြုံးလိုက်မိသည်။

"ဘွား သားကိုခေါ်တာဘာကိစ္စ" ရှောင်းကျန့်က ရှောင်ဘွားကို မေးလိုက်တော့

"အော် သားကို မိတ်ဆက်ပေးစရာရှိလို့ပါ"
(ဘွားပြောချင်တာက မြို့တော်ဝန်ကြီး နဲ့ မိတ်ဆက်ပေးမယ်ဆိုပါတော့ အဟိ)

&quot;မြို့တော်ဝန်၏ အသည်းညှာ&quot; 《COMPLETED》Where stories live. Discover now