အခန်း ( ၂၉ )

357 9 1
                                    

" ညီ ... တကယ်ပဲ ကျောင်းဆက်မတက်တော့ဘူးလား "

နောက်ကနေလိုက်လာသည့် ခန့်ဇော်ကမေး၏။ သူတကယ်ကိုပဲ ညီမင်းကို သူနဲ့တူတူကျောင်းတက်စေချင်ပါသည်။

" မင်းအပူမပါဘူး "

" ကိုယ့်ညီလေးက စိမ်းကားလိုက်တာကွာ ... "

" မင်းဘာသာ မင်းသူငယ်ချင်းတွေနဲ့ပဲ အချိန်ဖြုန်းပါလား။ ငါ့နား ဘာကိစ္စနဲ့ ရောက်ရောက်လာတာလဲ "

" ကိုယ့်သူငယ်ချင်းတွေထဲမှာ တစ်ယောက်က အသည်းကွဲပြီး နောက်တစ်ယောက်က ... အင်း ... သူလည်းအသည်းကွဲနေတယ် "

သူရိန်တို့က အသည်းကွဲတယ်ဆိုလို့ ညီမင်းအံ့ဩမိသွားသည်။

" ဟ ! မင်းတို့သူငယ်ချင်းတွေက ညီလှချည်လား။ ရည်းစားရတော့လည်းတူတူ အသည်းကွဲတော့လည်းတူတူ "

" ကိုယ်ကတော့ ညီတဲ့ထဲမပါပါဘူးနော်။ အဲ့နှစ်ကောင် ရည်းစားတူတူရတဲ့အချိန်တုန်းကလည်း ကိုယ်က ညီ့ကိုလိုက်နေရတာ။ ခု သူတို့တွေ ရည်းစားနဲ့ပြတ်သွားကြပြန်တော့လည်း ကိုယ့်အခြေအနေက ဒုံရင်းကဒုံရင်းပဲ "

ခန့်ဇော်က မကျေမနပ်ပြောလာတာမို့ ညီမင်း သဘောတကျ ရယ်မိပြန်သည်။ တစ်ဖက်လူကတော့ ညီမင်းရဲ့ သွားစွယ်ဖွေးဖွေးလေးတွေထဲမှာ ဈာန်ဝင်နေမိတာ တမေ့တမော ...

" ညီကအရမ်းလှတာပဲ "

ခန့်ဇော် မိန်းမောစွာရေရွတ်မိတော့

" မင်းဘိုးအေကိုလှ ... ငါကယောက်ျားလေးကွ ! "

" ယောက်ျားလေးလည်း လှတာပဲလေ။ မဟုတ်ဘူး မဟုတ်ဘူး ညီက ခန့်တာ ... ခန့်ချောကြီး။ ခန့်ချောကြီးမို့ ခန့်ဇော်ဆိုတဲ့တစ်ယောက်နဲ့ ပေါင်းဖက်ရမှာ "

ကိုယ့်ဘက်ကိုယ်ယက်နေသည့်လူကို ညီမင်း မျက်ဆံသာလှန်ပြလိုက်မိသည်။

" မင်းဘာသာပဲ အသည်းကွဲနေတဲ့သူငယ်ချင်းတွေကို သွားနှစ်သိမ့်ပေးလိုက်စမ်းပါကွာ "

" ဟုတ်ပါပြီ ဟုတ်ပါပြီ ... ကိုယ့်ညီစိမ်းကားလေးက နှင်လွှတ်တော့လည်း သွားရတော့မှာပေါ့။ ဒါဆို ကိုယ်သွားတော့မယ်နော်။ အစားပုံမှန်စားဖို့သတိရ "

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Onde histórias criam vida. Descubra agora