*အော်....မသိပါဘူးရိပေါ်ပြောတာမယုံလို့လားလို့*

*မဟုတ်တာကွာကိုယ်ကအသက်ပြောသမျှယုံကြည်ပြီးသားပါဗျ*

*ဟီး...ဟုတ်.....ကောရိပေါ်မှာလေဝိဉာဉ်နယ်မြေလို့ခေါ်တဲ့နေရာလွတ်တစ်ခုနဲ့မြွေအကြီးကြီးတစ်ကောင်ရှိတယ်...နောက်ကျရင်အဲ့နေရာမှာနေလို့လည်းရသလိုပစ္စည်တွေထည့်လို့လည်းရတယ်*

*ဟင်...ဟုတ်လား...အသက်ကအဲ့ဒါတွေကိုဘယ်လိုရတာလဲအသက်အတွက်ဘေးကင်ရဲ့လား...အန္တာရယ်ရောရှိလား*

*မရှိ‌ပါဘူးကောရဲ့ကောကိုကျွန်တော်ပြမယ်*

ရိပေါ်ကပြောရင်ရှောင်းကျန့်ပေါင်ပေါ်ကဆင်းလိုက်ကာရှောင်းကျန့်ကပါအတူကုတင်ပေါ်ကလိုက်ပါဆင်းကာရိပေါ်ရှောင်းကျန့်လက်ကိုဆွဲးကာနယ်မြေထဲဝင်ရောက်လိုက်သည်။
နယ်မြေထဲရောက်တော့ရှောင်းကျန့်ကဘေးပတ်ဝန်းကျင်ကိုစူးစမ်းကြည့်ကာအသက်အတွက်အန္တာရယ်မရှိသည်မှာသေချာမှခေါင်းညိမ့်ကာမြွေဖြူကြီးကိုတစ်ချက်ကြည့်လိုက်သည်။

မြွေဖြူကြီးကသူတို့ကိုတချက်သာကြည့်ကာပျင်းတိပျင်းစွဲနဲ့ပြန်အိပ်နေသည်။
ခဏမျှနယ်မြေထဲလှည့်ပတ်ပြီးတော့ပြန်ထွက်လာခဲ့လိုက်ကာရိပေါ်ကရေချိုးခန်းထဲဝင်သွားပြီးရှောင်းကျန့်ကရိပေါ်အတွက်ဗီရိုထဲကသူ့အဝတ်အစားတွေကိုထုက်ပေးထားကာအိပ်ရာပေါ်တင်ပေးထားလိုက်ပြီးအလုပ်စာပွဲးမှာထိုင်ကာအလုပ်လုပ်နေလိုက်သည်။
ကမ္ဘာပျက်ရန်အတွက်တစ်လမျှသာအချိန်ရှိတော့တာမလို့နေ့ကျရင်အဝတ်အစားမျိုးစုံနဲ့ပစ္စည်တွေကိုစုဆောင်းရတော့မည်။

ရှောင်းကျန့်ခဏမျှအလုပ်လုပ်ပြီးတော့သူ့ရဲ့မန်နေဂျာယွီပင်ကိုဖုန်းဆက်ကာလက်ခံထားတဲ့ရိုက်ကူး
ရေးအားလုံးကိုဖျက်သိမ်းလိုက်ရန်နဲ့ပြီးတော့အသက်ပြောပြသည့်အကြောင်းကိုအရိပ်အမြွတ်မျှပြောပြကာပစ္စည်းတွေစုဆောင်းထားရန်သတိပေးလိုက်သည်။
ယွီပင်ကမူလပိုင်ရှင်နဲ့သူငယ်ချင်းတွေဖြစ်တာမလို့မူလပိုင်ရှင်ရဲ့ခန္တာကိုယ်ကိုပိုင်ဆိုင်ထားသည့်သူ့အတွက်လည်းသူငယ်ချင်းတွေဖြစ်သည်လေ

ဗီလိန်လေးရဲ့ကိုကိုWhere stories live. Discover now