ချန်ယောင်းမှာ သဘောမကျသည့် သချာ်များကို တစ်ပုဒ်ပြီးတစ်ပုဒ်တွက်နေရသည်မှာ ငြီးငွေ့လာ၍ မျက်စိရှေ့မှ ဟျောင်းအားကြည့်မိသည့်အခါ
အအေးဘူးတောင်အရာမယွင်း လွန်ခဲ့သည့်မိနစ်သုံးဆယ်ကအတိုင်းပင် တစ်ချက်မှမလှုပ်ပဲ မျက်စိအောက်မှသချာ်ပုဒ်စာကိုသာ သည်းကြီးမည်းကြီးတွက်နေ၏။ချန်ယောင်းမှာ ပထမဆုံးဒိတ်ကလေးကို ရင်ခုန်စွာနှင့်တစ်ညလုံးတောင်အိပ်မပျော်နိုင်ဖြစ်ခဲ့ရပေမဲ့ အခုတော့ ရောက်ကတည်းက စာရှင်းပြပြီး သူ့စာသူလုပ်နေတတ်သည့် ဟျောင်းကြောင့် ငိုတောင်ငိုချင်လာရသည်။
ဘယ်ကစကားစပြောရမှန်းလဲမသိ။အနှောင့်အယှက်ဖြစ်မှာလဲစိုးရသေး။အရာရာမဝံ့မရဲနဲ့ သူသည် အမှန်တကယ်ပင်ခေါင်းခြောက်လျက်ရှိ၏။
ထိုအခိုက် သချ်ာပုဒ်စာတို့ထံ၌ရှိနေခဲ့သော ဟျောင်းမျက်လုံးလှလှလေးတွေက သူ့ထံဆီသို့ရောက်လာသောအခါ
ပြာယာသွားသူမှာသူပင်..။"ဘာလို့လဲ မေးစရာရှိလို့လား"
သူ့ဘက်က ဟျောင်းကို ကြည့်နေမိတာမို့ မေးစရာရှိသည်ထင်သွားပုံပင်။
"မဟုတ်ပါဘူး ဟျောင်းစာလုပ်တာပြီးသလောက်ရှိပြီလားဟင်"
"အွန်း.. ဒီနေ့အတွက်ကတော့ နည်းနည်းပဲကျန်တော့တာပါ"
ပြီးသည်နှင့် ဟျောင်းက စာဆက်တွက်နေပြန်ပါသည်။
သူလဲ ပါးစပ်ကပြောဖို့မဝံ့မရဲ ဖြစ်လွန်းလို့ note စာရွက်အသေးလေးတွင်စာရေးကာ ဟျောင်း၏စားပွဲပေါ်တွင်ကပ်လိုက်ပါသည်။"ဟျောင်းတစ်ခုခုသွားစားကြရအောင်လေ ဗိုက်ဆာလို့ စာကိုညမှထပ်လုပ်လို့ရမလားဟင်"
စာကိုဖတ်ပြီးနောက်တွင် ဟျောင်းကသူ့အားစောင်းငဲ့ကြည့်လာကာ
"ဟုတ်ပါပြီ ထထ သွားကြမယ်"
×××××××
ရေခဲမုန့်တစ်ခုစီနှင့် ခုံတန်းတွင်ထိုင်နေသောကောင်လေးနှစ်ယောက်မှာ မျက်စိရှေ့မှကန်ရေပြင်ကိုငေးကြည့်လျက် ရှိနေ၏။
"ဟျောင်း ရည်းစားထားမလို့လုပ်ခဲ့တယ်မလား"
"ဟင် အန်တွန်ကဘယ်လိုသိတာလဲ"