intro

269 11 0
                                    

မဆုံးနိုင်သော အိပ်မက်ရှည်ထဲမှာ သူဟာပြေးလွှားနေရသည်။ ဘာကြောင့်ပြေးလွှားနေရသလဲသူမသိပါ။
မှောင်မဲနေတဲ့နေရာမှာ သူအားကုန်သုံးပြေးလွှားနေခြင်းဖြစ်သည်။
ထို့အပြင် ထူးခြားချက်မှာ အခြားလူတစ်ယောက်ပါ သူနှင့်အတူပြေးလွှားနေခြင်းဖြစ်သည်။
သူ့လက်ကောက်ဝတ်မှဆုပ်ကိုင်ထားသောအထိအတွေ့ကြောင့် အခြားလူတစ်ယောက်ရှိနေသည်ကိုသတိထားမိခြင်းဖြစ်သည်။
သူတို့နောက်တွင် ဘယ်သူတွေလိုက်လာသလဲ၊သူတို့ဘာလို့အားကုန်သုံးပြေးလွှားနေသလဲသူမသိပေ။
တစ်နေရာအရောက်တွင်သူတို့ရပ်လိုက်ကြသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့ရှေ့တွင်ရှိသည်မှာ ချောက်နက်ကြီးဖြစ်သောကြောင့်ပင်။
သူတို့နောက်မှ နီးကပ်လာသောအသံများနှင့်မီးတုတ်များကို တွေ့ရသည်။
ထို့နောက်...
ထိုချောက်နက်ထဲသို့သူတို့ခုန်ချလိုက်သည်။
ထိုတိုင် သူသည်နောင်တတစ်စုံတစ်ရာမရှိပဲ စိတ်တို့ပေါ့ပါးနေခဲ့သည်။
_____________________________

ချွေးတွေနှင့်အတူ ဝန်ဘင်းထိတ်လန့်စွာနိုးထလာခဲ့သည်။

"ဟူး..အိပ်မက်ကလဲတကယ်အတိုင်းပဲ လန့်လိုက်တာ"

ရင်ထိတ်နေသည့်အတွက် အဆင်ပြေစေရန် ရေထသောက်လိုက်ပြီး အိပ်မက်ကိုပြန်စဥ်းစားမိသည်။

"ညက ဆိုဟီးနဲ့အတူဇာတ်ကားကြည့်မိလို့များလား..နောက်တစ်ခါမကြည့်တော့ဘူး လန့်လိုက်တာသေတော့မယ်"

သူ သိပ်မတွေးနေပဲအိပ်ပျော်အောင်ကြိုးစားအိပ်လိုက်ပါသည်။

သို့သော် ထိုအကြောင်းအရာတွေဟာ အိပ်မက်အနေနဲ့မဟုတ်ခဲ့လျှင်....
_______________

"မမ မမ"

ကလေးတစ်ယောက်ကခေါ်နေသည့်အသံဖြစ်ပြီးဘေးနားကိုလှည့်ကြည့်မိသောအခါ တောက်ပသောအပြာရင့်ရောင်ဝတ်စုံအားဝတ်ဆင်ထားသည့် 10 နှစ်ဝန်းကျင်ကလေးတစ်ယောက်အားတွေ့၏။

"ငါ့ကိုခေါ်တာလား"

ထိုကလေးက မျက်လုံးတောက်တောက်ကလေးများဖြင့် ခေါင်းကိုဆက်တိုက်ငြိမ့်ပြ၏။ထို့နောက်သူ့ကိုပြုံးပြလာကာ

"မမက ဝန်ဘင်းဆိုတာလား"

"မမ မဟုတ်ပါဘူး ငါက ယောကျ်ားလေး"

ထိုကလေးက မျက်လုံးများဝိုင်းစက်လာပြီး

"တောင်းပန်ပါတယ်ဗျ ခမည်းတော် က ဥယျာဥ်ထဲမှာ ဝန်ဘင်းရှိတယ်ဆိုလို့ပါ ကိုကိုက...မိန်းကလေးနဲ့ဆင်နေလို့ အက်လိုခေါ်မိသွားတာပါ"

ဝန်ဘင်းမျက်နှာဟာမဲ့ရှုံ့သွားပြီး

"ဖြစ်ရတယ်.. မင်းက အမတ်အီရဲ့သားလား"

"ဟုတ်ကဲ့ခဗျ"

အသက်သာငယ်တာ၊ယဥ်ကျေးလိုက်တာလို့ ဝန်ဘင်းတွေးမိသွားသည်။အံ့သြစရာတော့မရှိပါလေ။အမတ်အီဟာတိုင်းပြည်၏ဘာသာ၊သာသနာဖွံ့ဖြိုးတိုးတက်ရေး၊ယဥ်ကျေးမှု နှင့်ဆိုင်တဲ့ ကိစ္စတွေအတွက်တာဝန်ယူရသူမဟုတ်ပါလား။သူ့သားယဥ်ကျေးမှုရှိခြင်းသည် သိပ်တော့မထူးဆန်းလှပါ။

"ကိုကိုက အသက်ဘယ်လောက်လဲ"

"တစ်ဆယ့်လေးနှစ်.."

"ကျွန်တော့ထက်နှစ်နှစ်ကြီးတာပဲဗျ"

ထို​နေ့က နေအလွန်သာ၏။ ပန်းရနံ့ထူသော ဥယျာဥ်ရှေ့တွင် သူတို့၏ခင်မင်မှုအစပြုခဲ့သည်။

ဖခင်၏စည်းစနစ်များနှင့်ရှင်သန်ရသော
ဝန်ဘင်းသည် သူတို့နှစ်ဦးတွေ့ဆုံခြင်းသည် လူအများကိုထိခိုက်စေလိုလျှင် ထိုအချိန်က မတွေ့ဆုံမိအောင် အခန်းထဲတွင်နေခဲ့လိမ့်မည်။

ဖြစ်သင့်တာနှင့်ဖြစ်ချင်တာကို ခွဲခြားသိမြင်သော သူ့အဖို့
စုံလုံးကန်းသော
နေ့ရက်များရှိခဲ့သည်။

ပျော်ရွှင်ဖို့အစား... သူ့ရင်များအကွဲခံ၍ ထိုကလေးနှင့်သူ၏ဆက်ဆံရေးကို ရပ်ပစ်ခဲ့သင့်သည်။
သို့သော် လူ့လောဘ၊လူ့အလိုသည်ကား သူ့ကို စိတ်ခံစားမှုနောက်သာလိုက်စေခဲ့သည်။
ဦးနှောက်မဲ့လိုက်လေခြင်း....။

အချစ်နွံထဲ နစ်မွန်းသွားခဲ့ရလောက်အောင်ကို သခင်လေးပတ်ဝန်ဘင်းသည် ကြီးမားသောစိတ်ခံစားမှုဖြင့် ထိုကလေးအပေါ်မြတ်နိုးတွယ်တာမိခဲ့သည်။

××××××××××

ReunionWhere stories live. Discover now