4

417 62 0
                                    

Unicode

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားသော ဇနီးလေး

အပိုင်း ၄

                
အိမ်အရှေ့တစ်နေရာအရောက်တွင် ကျန်းထျန် ဝှီးချဲလက်ကိုင်ကို လွှတ်လိုက်ပြီး ကုလျန်ရွှမ်နှင့် မျက်နှာချင်းဆိုင် မတ်တပ်ရပ်လိုက်သည်။" ရှင် ဘာပြောချင်လို့လဲ?"

                 
ကျန်းထျန် စိုးရိမ်လာမိသည်။

                  
သူမနှင့် ဝိညာဥ်လဲသွားကြောင်း သိသွားမည်ကို ထိတ်လန့်သည်။

                  
သူမအတွေးများ မြန်ဆန်လာပြီး ကျန်းထျန် သူမ တံခါး​ကို ဝင်လာသည်မှစ၍ အခုချိန်ထိ မူလပိုင်ရှင်နှင့်မတူသောအပြုအမူများ လုပ်ခဲ့မိလားဟု ပြန်လည်စဥ်းစားလိုက်သည်။

                      
အရမ်းဖော်ရွေသွားပုံပေါ်လား? အမွှာအကြီးလေးတွေအတွက် မူလပိုင်ရှင်အနေနှင့် သကြားလုံး မပေးသင့်ဘူးလား?
                        

ဒါမှမဟုတ် ကုလျန်မင်အပေါ်ဆက်ဆံတာ အရမ်းနူးညံ့သွားလား? ကုလျ​န်မင်၏ အော်ဟစ်နေပုံ၊ သံသယဝင်နေပုံများနှင့်ကြုံလျှင် မူလပိုင်ရှင်ဆိုလျှင် ပြန်အော်မှာ သေချာသည်။

                 
  မူလပိုင်ရှင်ဆိုလျှင်..... ကုမိသားစုအတွက် ဒီလောက်ပစ္စည်းတွေ အများကြီး ဝယ်ပေးမှာ မဟုတ်ချေ။ ဘာလို့လဲဆိုတော့ မူလပိုင်ရှင်က ကုမိသားစု ဒုတိယမြောက်ကုလျန်ရှန်၏ ကလေးတွေ​ကို မွေးတာ သဘောမတူခဲ့ပေ။ ထို့ကြောင့် ကလေးတွေအတွက် နို့မှုန့်နဲ့ ချည်စဝယ်ပေးမှာ မဟုတ်ဘူး။

                   
ကျန်းထျန် သူမမှတ်ဉာဏ်ထဲမှ မူလပိုင်ရှင်က လူမမာ ကုလျန်ရွှမ်၏ ဖြည့်စွက်စာများအားလုံး ခိုးယူခဲ့သည့်မျိုး လုပ်ခဲ့သည်ကို တွေ့လိုက်သည်။

ကျန်းထျန် - "...." မူလပိုင်ရှင်က တကယ်ပဲ.......

                   
"မင်း...."ကုလျန်ရွှမ်က ကျန်းထျန်နောက်က နံရံက ပြိုကျလာတော့မည်သကဲ့သို့ ငေးကြည့်နေပြီး အတွေးထဲ လမ်းပျောက်နေသည်ကို မြင်သည်။ သူအကြာကြီး မေးရန်ပြင်ထားသော မေးခွန်းကို ပြန်ရုတ်သိမ်းလိုက်ရသည်။

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး (ဘာသာပြန်)Where stories live. Discover now