"lucy! မင်းဘယ်က ဘယ်လိုရောက်နေတာလဲ"

"ဒီကုမ္ပဏီမှာ daddyက အလုပ်လုပ်နေတာကြာပြီလေ၊ Tayeကို ကျွန်မ မနက်ကတည်းက daddyကို လာပိုရင်းတွေ့လိုက်တယ်လို့၊ အခုထပ်ပြီးလာချောင်းတာ၊ ခုမှပဲ ေသချာတော့တယ်၊ ဒါနဲ့ Taye က ဒီမှာ လုပ်နေတာလား"

"အင်း၊ ကိုယ် အားတဲ့ရက်တွေမှာ driverလုပ်နေတာ"

"ဟုတ်ပါပြီ၊ ဒါနဲ့ပြန်တော့မလို့လား"

"ဟုတ်တယ်"

"အစောကြီးရှိပါသေးတယ်၊ Tayeရယ် ဒီလိုလုပ်မလား lucy အိမ်မှာ ညနေစာလိုက်စားလိုက်ပါလား"

"ဒါပေမဲ့.."

"Taye ကချိန်းထားပြီးသား ကိစ္စတွေရှိလို့လား"

"မဟုတ်ပါဘူး"

"ဒါဆိုလိုက်ခဲ့ပါ၊ lucy က Tayeကို ကိုက်မစားပါဘူး"

"ဟားဟား!! ဟုတ်ပါပြီကွာ "

"lucyကားက ဟိုမှာTaye၊ လာလိုက်ခဲ့"

ပြောပြီး တေဇာရဲ့ လက်မောင်းသားကို လာဖက်တွယ်သည့် မိန်းကလေးက သိပ်တော့ မခေလှပါ။

တေဇာက လက်ပြတ် အင်္ကျီအနက်ကို ဝတ်ဆင်ထားတာကြောင့် လက်မောင်းသားကြီးတွေက ထင်ထင်ရှားရှား ပေါ်လွင်နေကာ
မြင်တွေ့ရသူအဖို့ အားကျစရာ၊ သွားရည်ကျစရာ ကြီးဖြစ်နေသည်။

lucyတစ်ယောက် မျက်နှာမှာ အပြုံးပန်းတွေဝေဆာလို့ စားကောင်းတဲ့ အသီးရထားတဲ့ မျောက်လို ပြုံးဖြီးနေတော့သည်။

ဒီလိုနဲ့ကားဆီရောက်တော့

"lucy ကိုယ်မောင်းပေးမယ်၊ မင်းက ဘေးကပဲလိုက် ၊ ရလား"

"ရတာပေါ့Tayeရဲ့ ၊ ရော့ ဒီမှာကားသော့"

ဒီလိုနဲ့ ကားမောင်းကာ သူမ နေထိုင်တဲ့ အိမ်ကို သွားကြသည်။

ကားမောင်းနေတဲ့ တေဇာ ကို lucyကြည့်နေမိသည်။ ရှေ့တည့်တည့်ကို စူးစိုက်ကြည့်နေတဲ့ အမျိုးသားက မျက်ခုံးတန်းကြီးတွေကို ကျုံ့ထားတဲ့ပုံမှာ တစ်မျိုးတစ်ဖုံကြည့်ရ ကောင်းနေပြန်သည်။

ဒီအမျိုးသားက အဖက်ဖက်မှာထူးချွန်သည့် အလားထင်ရသည်။ ယောက်ျားပီသ တဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံတွေက မိန်းကလေးတိုင်းကြွေဆင်းရသည်။ ဒီက လူဖြူကောင်တွေနဲ့လည်းမတူ တစ်မူထူးသည့် ဒီအမျိုးသားက အိပ်ယာထက်တွင်လည်း နတ်ဘုရားပမာ စွမ်းဆောင်နိုင်သည်။
ဗလ လည်းရှိသလို ဇလည်းရှိတဲ့ ဒီလူက ဘာမှပြောနေစရာမလိုပါ။

Bad Guy (လူဆိုး)Where stories live. Discover now