BU Chapter 1 (Part-1)

4 0 0
                                    


Chapter (1) Part-1

2032, May 16 on Earth,

[A/N- This Earth is not the one from our universe, Earth!]

ကမ္ဘာပေါ်မှာ နိုင်ငံတွေအများကြီးရှိတဲ့အထဲက နိုင်ငံတစ်နိုင်ငံကတော့ တခြားနိုင်ငံတွေနဲ့မတူ တစ်မူထူခြားတဲ့ နိုင်ငံရဲ့ကြီးကျယ်ခမ်းနားလှမှုကြောင့် နာမည်ကြီးလှတယ်။
အဲ့နိုင်ငံရဲ့နာမည်က Kaiser ၊ တခြားနိုင်ငံတွေထက်
ဆယ်ဆပိုကြီးမားပြီး တခြားနိုင်ငံတွေထက် လူဦးရေပိုထူထပ်တယ်။

Kaiser နိုင်ငံက စီးပွားရေး၊ အနုပညာ၊ ဆေးပညာ၊ သိပ္ပွံပညာ၊ အစားအသောက်၊ ဖက်ရှင်ဒီဇိုင်း၊ အားကစား၊ လက်မှုပညာ၊ အစအစဖြစ်တဲ့ ကမ္ဘာပေါ်မှာရှိတဲ့ပညာရပ်အားလုံး တခြားနိုင်ငံများထက် ပိုတိုးတက် ထွန်းကားနေတဲ့နိုင်ငံဖြစ်သည့်အလျောက် တစ်ကမ္ဘာလုံးက နယ်ပယ်အသီးသီးမှာကျွမ်းကျင်တဲ့လူတွေက ဒီနိုင်ငံမှာလာစုဝေး နေကြတယ်။

Kaiser Country
(Dior City's International Ariport),

"Tina ပစ္စည်းပို့တဲ့သူတွေကို ငါတို့ Jersey နိုင်ငံက ၀ယ်လာတဲ့ ပစ္စည်းအားလုံးကို သတိထားပို့ပေးပါလို့ပြော‌ပြီးပြီးလား? သတိထားရမယ်နော်! ငါ၀ယ်လာတဲ့ငါ့ဘေဘီလေးတွေ အစွန်းအထင်း ‌‌နည်းနည်းလေး ဖြစ်တာဖြစ်ဖြစ်၊ ပြဲဆုတ်သွားတာဖြစ်ဖြစ်မလိုချင်ဘူး၊ ခေါက်ရာကျိုးပဲ့ရာတွေလည်းမလိုချင်ဘူးနော်" လို့ပြောတော့

Tina- " Teacher Sarah, ကျွန်မပြောပြီးပါပြီ" လို့ပြန်ဖြေလိုက်တယ်

Teacher Sarah- " မင်းက တကယ် လက်ထောက်ကောင်းဘဲ အရင်လူတွေနဲ့လုံး၀မတူဘူး ကျေးဇူးနော် ဒါနဲ့ ငါ့ရဲ့အပ်ချုပ်စက်ကရော?" လို့မေးပြန်တော့

Tina- "ကျွန်မတို့တစ်ခါတည်း ယူသွားပါမယ် ပစ္စည်းပို့တဲ့သူတွေနဲ့တစ်ဆင့်မပို့ခိုင်းပါဘူး စိတ်မပူပါနဲ့ teacher Sarah , teacherက အပ်ချုပ်စက်ကိုအလေးထားမှန်းသိနေပြီးသားမို့ပါ ကားက အပြင်မှာလာကြိုနေပါပြီ ကျေးဇူးပြုပြီး အရင် ကားဆီသွားနှင့်ပါ ကျွန်မ ပစ္စည်းတွေသွားယူလိုက်ပါအုံးမယ်" လို့ပြန်ဖြေလိုက်တော့ teacher Sarahက ခေါင်းညိတ်သ‌ဘောတူပြီး
ကားဆီအရင်သွားတယ်။

The Best University in Another World Where stories live. Discover now