အခန်း ( ၂၈ )

160 5 0
                                    

နွေရာသီကျောင်းပိတ်ရက်များ ကုန်လွန်ပြီးသည့်နောက် ကျောင်းဖွင့်သည့်ရာသီသို့ ရောက်ရှိလာလေပြီ။

ကျောင်းစဖွင့်သည့်ရက်၌ အဖြူအစိမ်းကျောင်းဝတ်စုံများ ကိုယ်စီဝတ်ဆင်ကာ ကျောင်းတက်ဖို့ တက်ကြွနေသည်။ သို့သော်လည်း ထိုကျောင်းသားအုပ်ကြီးထဲတွင် ဇေယျာလင်းထက်ဟူသည့် ကောင်လေးကတော့ မပါခဲ့ပေ။

ဇေယျာတို့က ကျောင်းမဖွင့်ခင် တစ်လအလိုကတည်းကပင် ဘော်ဒါဆောင်တစ်ခုမှာ တက္ကသိုလ်ဝင်တန်းအတွက် အပ်နှံထားတာမို့ ထိုအချိန်ကတည်းက တနေကုန် ကျူရှင်တက်နေရသည်ပင်။

ကျောင်းဖွင့်ရင် ကျောင်းကနေ ထွက်စာတင်ပြီး ကျူရှင်နှင့်ချိတ်ကာ ဘုန်းတော်ကြီးကျောင်းတစ်ခု၌ ကျောင်းအအပ်ပြပြီး ကျောင်းမတက်ပဲ တနေကုန် ကျူရှင်သာတက်ရမည့် အစီအစဉ်တစ်ခုကို မိခင်ဖြစ်သူက စီမံထား၏။

ကိုးတန်းတစ်နှစ်သာ တက်ခဲ့ရသည့် အထက်တန်းကျောင်းကြီးဟာ သူ့အတွက်တော့ တသက်မမေ့နိုင်ဖွယ်ရာ အမှတ်တရများကို ဆောင်ကျဉ်းပေးခဲ့သည်။

ကံကောင်းသည်က သူနဲ့အတူ သန့်ပိုင်လည်း ကျူရှင်တစ်ခုထဲမှာဖြစ်တာကြောင့် အထီးကျန်မနေပေ။ စိတ်ထဲအဆင်မပြေတာဆိုလို့ သူရိန့်ကို ထားခဲ့ရသည့်တစ်ချက်သာ ...

" သားသား ... ကျူရှင်သွားရတော့မယ်လေ "

ဆော်ဩလာသည့် မိခင်ဖြစ်သူကြောင့် ဇေယျာ အဝတ်အစားလဲကာ စာအုပ်တို့ကို လွယ်အိတ်ထဲထည့်ရင်း ထွက်လာခဲ့လိုက်သည်။ သူရိန်နဲ့နောက်ဆုံးတွေ့သည့်ရက်ကစ၍ ယခုချိန်ထိ သူ့မျက်နှာမှာ အပြုံးဟူ၍ မရှိတော့သည်ကို မေမေလည်း ရိပ်မိမည်ထင်ပါ၏။

" မနက်စာစားပြီးရင် ကျူရှင်သွားတော့နော်သားသား ... ဖေဖေအပြင်မှာစောင့်နေတယ်နော် "

ဘော်ဒါဆောင်ထားရမှာ စိတ်မချသည့် မိခင်ဖြစ်သူကြောင့် သူ့မှာ မနက်သွားညပြန် ကျူရှင်တက်ရသည်သာ။

အပြင်မှာစောင့်နေသည့် ဖခင်ဖြစ်သူ၏ ဆိုင်ကယ်ပေါ်တက်ပြီးနောက် ကျူရှင်ရှိရာ ဦးတည်လာခဲ့သည်။

ကျူရှင်ရောက်တော့ အရင်ရောက်နှင့်နေတဲ့သန့်ပိုင်က လက်ပြလာပြီး သူနဲ့အတူထိုင်ရန် အရိပ်အခြေပြလာတာမို့ သန့်ပိုင်နားမှာသာ နေရာယူလိုက်သည်။

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Where stories live. Discover now