ပိုင်ရှင်ရှိမှန်းသိပေမယ့် တိတ်တဆိတ်ချစ်ပြီး ဂရုစိုက်ခွင့်လေးတော့ပေးပါအကို...
************************************
"ကိုသွားပီကလေး bye"
"ဟုတ်ကဲ့"
"လိမ်လိမ်မာမာနဲ့စာကြိုးစားနော်"
ဂျင်ခေါင်းငြိမ့်ပြလိုက်တော့ ကားပေါ်တတ်ပြီးထွက်သွားတယ် ကိုကို့ကားမြင်ကွင်းကနေပြောက်သွားမှဂျင်လဲအတန်းရှိရာကိုလျှောက်လာတော့ မက်တပ်ရပ်ပြီးတစ်နေနေရာရာကိုငေးနေတဲ့ဂျောင်ကုကိုတွေ့တော့ ဘာတွေများတွေးနေတာလဲသိချင်နေမိတယ်။
"ဂျောင်ကု အတန်းထဲမ၀င်သေးဘူးလား ဘာရပ်လုပ်နေတာလဲ မက်တပ်ရပ်ကြီးအိပ်ပျော်နေတာလား..."
"မငိုက်ပါဖူးဗျာ အကို့ကို ကျွန်ေတာ်စောင့်နေတာလေ...လာပြပါဦး...
"ဘာလို့လဲဂျောင်..."
ဂျင်တစ်ေယာက်စကားပြောတာတောင် ရုတ်တရပ်ရပ်တန့်သွားရတဲ့အေကြာင်းအရင်းဟာဂျောင်ကုရဲ့အပြုအမူကြောင့်ပင်...
လက်နွေးနွေးနဲ့ပါးအိအိလေးနှစ်ဖက်ကိုတစ်ယုတစ်ယကိုင်ရင်း...
"နည်းနည်းနွေးနေတယ် ကျွန်တော်ထင်သားဘဲဖျားတော့မယ်ဆိုတာ...""ရ...ရပါတယ်..."
ဂျောင်ကုရဲ့သန်မာတဲ့လက်နှစ်ဖက်ကြားမှာမြုပ်နေတဲ့ ဂျင့်ရဲ့မျက်နှာလေးဟာလည်း ချစ်စဖွယ်အတိ ထိုအပြုအမှုကိုဘေးလူတွေသာကြည့်နေမယ်ဆို ချစ်သူတွေလို့ထင်နေမှာအသေအချာ။
*ဟူး..ရင်ကလည်းတုန်နေလိုက်တာ အရမ်းလန့်သွားလို့များလား ဒါနဲ့ကိုကိုတောင်ငါဖျားနေမှန်းသိတာ သူကဘယ်လိုသိပါလိမ့်*
ထိုအပြုအမှုလေးဟာပထမဦးဆုံး ကိုကိုအပေါ်ခုန်နေတဲ့ရင်ခုန်သံလေးကိုသစ္စာဖောက်မိသွားတာကိုတော့ သတိမထားမိခဲ့။
"မရပါဘူး ကျွန်တော်ကြိုသိလို့ ဆေးတွေယူလာတယ် မုန့်လဲ၀ယ်လာတယ်..."
"မုန့်ကတော့စားပါတယ် ဆေးသောက်ဖို့ထိတော့မလိုဘူးထင်တယ်..."
"လိုတယ် စားပြီးရင်သောက်ရမယ် ခုတော့လာ လေစိမ်းတွေတိုက်ပြီးပိုဖျားမယ်..."
![](https://img.wattpad.com/cover/365537078-288-k161947.jpg)
YOU ARE READING
Thorn Of Love
Fanfictionပျော်ရွှင်မူဘဲဖြစ်ဖြစ် နာကျင်မူဘဲဖြစ်ဖြစ်... မင်းနဲ့ပတ်သတ်ရင် လောဘကြီးပါရစေ...။