Part (02)

206 22 6
                                    

Roommate

Unicode

နေသာရဲ့ နေ့တွေက မလှပနိုင်တော့တာကြာပြီ။ နေသာလို ညဇီးကွက်က ညဘက်အလုပ်လုပ်မှ အဆင်ပြေတာ။

အခုတော့ မျက်နှာချင်းဆိုင်အခန်းက ကြားနေရတဲ့ ဆူညံသံတွေကြောင့် စာလည်း ကောင်းကောင်း မရေးနိုင်တော့ဘူး။

ဒီတစ်ပတ်ပိတ်ရက်ကျရင်တော့ အခန်းပိုင်ရှင်နဲ့စကားပြောမှရတော့မည်။ နေသာဟာ စိတ်ညစ်ညစ်နဲ့ပဲ ပုလင်းဖင်လောက်ရှိတဲ့ မျက်မှန်အဝိုင်းကြီးကိုတပ်ပြီး အိမ်နေရင်း အင်္ကျီလေးနဲ့ပဲ တိုက်အောက်က စတိုးဆိုင်လေးဆီဆင်းလာခဲ့လိုက်သည်။

"Family Care ဆပ်ပြာရှိလား"
"Family Care ဆပ်ပြာရှိလား"

တစ်ပြိုင်တည်းထွက်လာတဲ့ တူညီတဲ့ စကားသံနှစ်ခု။

စတိုးဆိုင်က ကောင်မလေးက သူ့ကိုအဖက်မလုပ်ပဲ အပြန်အလှန်ငေးစိုက်ကြည့်နေတဲ့ မျက်မှန်နဲ့လူကြီးနဲ့ ဦးထုပ်ခပ်ငိုငိုက် ဆောင်း ထားတဲ့ကောင်လေးတို့ကိုကြည့်ပြီး

"ဘယ်နှစ်ခုယူမှာလဲလို့" မေးလိုက်တယ်။

ဦးထုပ်ကို ခပ်ငိုက်ငိုက်‌ ဆောင်းထားတဲ့ကောင်လေးက ခပ်သွက်သွက်ပဲပြန်ဖြေပေးလာတယ်။

"တစ်ခုပဲ ကိုယ်တို့က အတူတူသုံးမှာ"

"ဟမ် ..."

နေသာတစ်ယောက် ကောင်လေးပြောတဲ့စကားရဲ့ အဓိပ္ပါယ်ကို နားမလည်ပဲ ဆွံ့အနေမိ‌စဉ်မှာပဲ ကောင်လေးက ရုတ်တရက်ကြီး သူ့မျက်နှာအနားတိုးကပ်လာပြီး ခပ်တိုးတိုးပြောလာတယ်။

"Family Care က သုံးခဲ တစ်ပါကင် အဲ့တော့ ကျွန်တော်တို့ခွဲသုံးလို့ရတယ်"

နေသာအခုမှ သဘောပေါက်သွားပြီး သက်ပြင်းအသာချမိသွားတယ်။

"မင်းက ... စန်း ... ဘာတဲ့ ..."

"အသက်ကြီးလို့များလား"

"ဟမ် ... "

"ကျွန်တော့နာမည်ကို မမှတ်မိလို့လေ"

ROOMMATE Where stories live. Discover now