7 (final)

794 88 36
                                    

"Gemini"

"ဟေ"

"ငါမင်းကို တစ်ခုလောက်မေးချင်လို့"

"အေး မေးလေ Tan"

"အခုကဆိုင်မှာလူနိုင်နေပြီဆိုတော့မင်းလုပ်ငန်းတိုးချဲ့ဖို့အစီအစဉ်လေးဘာလေးများမရှိဘူးလားသိချင်လို့ပါ"

ဆိုင်က တစ်နှစ်ခွဲအတွင်းကိုအရမ်းနာမည်ထိုးတက်လာတာမို့ အရင်လို Gem နဲ့ Tan နှစ်ယောက်ထဲပြင်လို့မနိုင်တော့တာကြောင့် တခြားစက်ပြင်ဆရာသုံးယောက်ထပ်ခေါ်ထားရသည်.....

Phi Sim ရဲ့ဆိုင်ခန်းလေးရော ဘေးကနေတဲ့အခန်းလေးကိုရော Gem တို့ဝယ်လိုက်ပြီမို့ ဆိုင်လေးရဲ့အတွင်းပိုင်းကို စတိုတစ်ခန်းနဲ့ ကောင်တာတစ်ခုစာသာချန်ပြီးအကုန် hall type လုပ်ပစ်ကာ နေရာချဲ့ထားတာကြောင့် ဆိုင်တွင်းပိုင်းကတော်တော်လေးကျယ်ဝန်းသွားပြီဖြစ်လေသည်.....

Tan ကလည်းတကယ်ကိုအားကိုးရသည်......

Gem မရှိတဲ့အချိန်ဆို စာရင်းအင်းကအစ ငွေအတိုအထွာအဆုံး အလုံးစုံမျက်နှာလွှဲလို့ရတာမို့ Tan တစ်ယောက်ရှိတာဆိုင်အတွက်တော်တော်လေးအထောက်အကူဖြစ်သည်ဆိုရမည်ပင်.....

အခုလည်း Gem ကောင်တာမှာခဏထိုင်နေတုန်းအနားရောက်လာပြီး ဒီလိုမေးတယ်ဆိုတော့ Tan မှာအကြံပေးစရာတစ်ခုခုရှိနေလို့ဆိုတာ Gem သဘောပေါက်သည်.....

"မင်းဘာပြောချင်လို့လဲပြောလေ..."

"မင်းသိတဲ့အတိုင်းပဲ ဒီနားမှာဆိုင်ကယ်ပြင်ဆိုင်တွေအများကြီးရှိပေမယ့် ဆိုင်ကယ်အပိုပစ္စည်းသီးသန့်ရောင်းတဲ့ဆိုင်ကျတော့တစ်ဆိုင်မှမရှိဘူးလေ
တစ်ခုခုလိုရင် မြို့ထဲပဲပြေးနေရတာမလား
မင်းအနေနဲ့ ဟိုဘက်အခန်းကို ဒီအခန်းလိုမျိုးပြန်ပြင်ပြီးဆိုင်ကယ်အပိုပစ္စည်းဆိုင်ဖွင့်ရင်အဆင်ပြေနိုင်လောက်တယ်လို့ ငါထင်မိလို့ပါ...."

Tan စကားဆုံးတော့ Gem သဘောကျစွားခေါင်းတဆတ်ဆတ်ညိတ်ရင်းပြုံးမိတော့၏.....
ဒီကောင်နဲ့ Gem ကအလုပ်နဲ့ပတ်သတ်ရင်တော့အမြင်ချင်းတော်တော်နီးစပ်သည်ဆိုရမည်ပင်.....

"ငါအပ်ပြီးသွားပြီ ဟိုဘက်အခန်းကိုပြန်ပြင်ဖို့
အခုက Fourth စာသင်နှစ်အလည်ခေါင်ကြီးမို့လို့ဘာမှမလုပ်သေးတာ
သူဒုတိယနှစ်ပြီးသွားရင်တော့ အဲ့အခန်းကိုပြန်ပြင်ပြီးဆိုင်ကယ်အပိုပစ္စည်းဆိုင်ဖွင့်မှာ
ပြီးတော့အပေါ်မှာထပ်ခိုးကျယ်ကျယ်လေးတစ်ထပ်ထည့်မယ် မင်းနဲ့မင်းမိသားစုနေဖို့
မင်းတို့ယောက္ခမနဲ့နေတာအဆင်မပြေကြဘူးမလား
ငါ့ဆိုင်မှာလာနေကြ ကလေးလက်လွှတ်လို့ရတဲ့အချိန်ကျတော့ မင်းမိန်းမလည်းငါ့ဆိုင်မှာပဲအလုပ်ဝင်လုပ်ပေါ့မဟုတ်ဘူးလား"

You've reached the end of published parts.

⏰ Last updated: Mar 27 ⏰

Add this story to your Library to get notified about new parts!

အသက်ကို.....အသက်တမျှ (completed)Where stories live. Discover now