2

450 67 4
                                    

"အ....ကျွတ်.....ကျွတ်....ဖြေးဖြေးလိမ်းပါ Fourth ရာ.......မင်းဟာကဆေးလိမ်းတာနဲ့မတူဘူး လူသတ်နေသလိုပဲ"

"လူသတ်နေသလိုပဲမဟုတ်ဘူးလေ လူကိုသတ်ချင်နေတာ.....
မင်းဆိုတဲ့ကောင်ကိုသတ်ချင်နေတာငါက....
မင်း ဘာလို့ကျောင်းတွေဒီလောက်ပြေးနေရတာလဲ Gem
ပြန်လာရင်လည်းတစ်ကိုယ်လုံးပေကျံနေတာပဲ
ပြောစမ်းဘယ်တွေသွားပြီး ဘာတွေလျှောက်လုပ်နေတာလဲ"

ဂေဟာနောက်ဘက်က စမ်းချောင်းအစပ်မှာထိုင်နေရင်း Fourth ဟာအဆိုးအပေလေးရဲ့ခြေသလုံးကအရှိုးရာတွေကို‌ဆေးလိမ်းပေးနေတာပဲဖြစ်သည်......

Fourth ဒီကောင့်ကိုနှစ်စထဲကသတိထားမိနေတာကြာပြီ......
တစ်နှစ်ပတ်လုံးကျောင်းချည်းပတ်ပြေးနေတဲ့ကောင်.....
စာလည်းတစ်လုံးမှမရ.....စာလုပ်ဆိုတော့လည်းမလုပ်

ဂေဟာကနေကျောင်းကိုနေ့တိုင်းလာတယ် ဒါပေမယ့် ကျောင်းရောက်ရင်ဒီကောင့်ကိုမတွေ့ရတော့......
ညနေတော်တော်လေးနောက်ကျမှဂေဟာကိုပြန်ရောက်လာပြီး မေးရင်လည်းဘောလုံးပဲဝင်ကန်နေသလိုလိုနဲ့ ဝေ့လည်ကြောင်ပတ်လုပ်နေတတ်သေးသည်..    

အတန်းချင်းတူပေမယ့် အခန်းချင်းမတူတာ‌မို့ လှစ်လှစ်တောက်နေတဲ့ ဒီကောင့်ကိုတစ်နေကုန်စောင့်ကြည့်ဖို့ရာ ကျတော့လည်း Fourth မှာမတက်နိုင်.....
အခုတော့ကျောင်းကတိုင်စာပို့လာပြီမို့ ဒီကောင် ဂေဟာမှူးအသစ်ရဲ့ကြိမ်ဒဏ်ကို ကော့နေအောင်လှိမ့်ပိန့်ခံရလေတော့သည်.........

ခြေသလုံးသားညိုညက်ညက် ဝါဝင်းဝင်းထက်မှာအရှိုးရာတွေကိုမွစာကျဲလို့.....
ခံရတဲ့သူကအကြောမာမာခံနိုင်ပေမယ့် မြင်ရတဲ့ Fourth မှာတော့အသဲမာမာမထားနိုင်.....
ခရမ်းပြာရောင်သန်းလုလုဖြစ်နေတဲ့ အရှိုးရာအစင်းတွေကိုကြည့်ပြီးမျက်ရည်စို့မိတာ ဒီကောင်အသားနာရင် Fourth အသဲနာလွန်းလို့......

"မေးနေတာဖြေ Gem"

"ဟင်း.......ငါမဖြေချင်ဘူး Fourth"

သက်ပြင်းတစ်ချက်ရှိုက်ရင်း Fourth ကိုငဲ့စောင်းကြည့်လာတဲ့အကြည့်တွေကရီရီဝေဝေညို့ညို့မှိုင်းမှိုင်း.......

"မဖြေချင်တာထက် ငါဖြေလိုက်ရင်မင်းစိတ်မကောင်းဖြစ်သွားမှာကိုငါမလိုချင်တာ.....ပြီးတော့မင်းကို ငါလိမ်လည်းမလိမ်ချင်ဘူး
မင်းစိတ်ချပါ ငါဘာမှမကောင်းတာမလုပ်ပါဘူး စိတ်မပူပါနဲ့"

အသက်ကို.....အသက်တမျှ (completed)Where stories live. Discover now