96-ဆောက်တည်ရာမရခြင်း မမည်သော ရင်ခုန်စိတ်လှုပ်ရှားမှု

4 0 0
                                    

|| ဆောက်တည်ရာမရခြင်း မမည်သော ရင်ခုန်စိတ်လှုပ်ရှားမှု [ အပိုင်း ၂ ] ||

" ငါ ..."

ရှဲ့လျန်က ပြောတယ် ။

သူ့ရဲ့ စကားမဆုံးခင် ဟွားချန်က အားနည်းနည်းသုံးပြီး ညှစ်လိုက်သလိုမျိုး ခံစားလိုက်ရကာ ဆက်တိုက် နာကျင်မှု အတွဲလိုက်ဟာ သူ့ခြေထောက်ဆီ တွားတက်လာတယ် ။ သူထိန်းမထားနိုင်ဘဲ နောက်တွန့်သွားမိတယ် ။

ဟွားချန်ရဲ့ လှုပ်ရှားမှုတွေဟာ အတော်လေး ထိန်းချုပ်ထားတာဖြစ်ပြီး ဒီနာကျင်မှုသေးသေးလေးဟာလည်း ရှဲ့လျန်အတွက် မပြောပလောက်ပေမဲ့ ဘာကြောင့်မှန်းမသိ ဟွားချန်ရဲ့ရှေ့မှာ သူဟာ နာကျင်မှုကို ဖုံးကွယ်မထားနိုင်သလိုပဲ ။ ကြည့်ရတာ အစောက ဟွားချန် ပြောထားတာတဲ့ စကားကြောင့် သူက ထိန်းချုပ်ဖို့ အသည်းအသန်ကြိုးစားရင်း ရလာဒ်က ပြောင်းပြန်ထွက်လာခဲ့တာ ဖြစ်မယ် ။ ရှဲ့လျန် နောက်ကို တွန့်သွားတာကို ခံစားမိတဲ့အခါ ဟွားချန်က ချက်ချင်း သူ့ခြေချင်းဝတ်ကို တင်းတင်းဆုတ်လိုက်ပြီး ညင်သာတဲ့ အသံတိုးလျှလျှ နဲ့ စိတ်အေးစေရန် နှစ်သိမ့်ပေးတယ် ။

" စိတ်မပူပါနဲ့ ပြီးတော့မှာ.. မကြောက်နဲ့ "

ရှဲ့လျန်က ခေါင်းယမ်းလိုက်ပေမဲ့ ဟွားချန်ရဲ့ လက်တွေဟာ ပိုလို့တောင် ညင်သာလာပြီး လျင်လျင်မြန်မြန် အလုပ်လုပ်လိုက်တယ် ။ သူ့လက်ကို ပြန်မြှောက်လိုက်တဲ့အခါ သေးသွယ်တဲ့ အပ်လေးဟာ ဆွဲထုတ်ပြီးသား ဖြစ်သွားခဲ့ပြီ ။

" ရပြီ ! ပြီးသွားပြီ "

ရှဲ့လျန်က သေချာစူးစိုက်ကြည့်လိုက်တဲ့အခါ အဲဒီအပ်ကလေးရဲ့ ထိပ်ဖျားမှာ ပြင်းထန်တဲ့ အဆိပ်ရဲ့ ရောင်ပြန်ဟပ်ထင်နေတာကို မြင်လိုက်ရတယ် ။ ဟွားချန်က လက်ကို အသာ ဆုတ်လိုက်ပြီး အဲဒီအပ်ကို အနက်ရောင် အခိုးအငွေ့တွေအဖြစ် အလွယ်တကူပဲ ချေမွပစ်လိုက်ကာ လေထဲ ကွယ်ပျောက်သွားစေလိုက်တယ် ။ ဒါကိုမြင်တော့ ရှဲ့လျန်ဟာ သူ့ရဲ့ စိတ်မသက်မသာဖြစ်မှု အားလုံးကို ဘေးချပြီး အလေးအနက်ဟန်နဲ့ မှတ်ချက်ပြုလိုက်တယ် ။

" အမုန်းတရား အာဃာတအငြိုးတွေ သိပ်ကြီးလွန်းတာပဲ ! ထုံးစံအရ သန္ဓေသားဝိညာဉ်တစ်ကောင်မှာတော့ ဒီလောက်အားပြင်းတဲ့ ဝိညာဉ်စွမ်းအား ရှိမနေသင့်ဘူး "

ထျန်းကွမ်းစစ်ဖူ (volume 3 Zawgyi)Where stories live. Discover now