Part 11

1.5K 12 0
                                    

အခန်း ( ၁၃ )

“မမဝါ ပါးစပ်ဖျားကမောင်ငယ်ရော ငယ်သံဒိုင် ရော အမြဲမချတမ်းပြောနေလို့ ညီက ဘယ်လို ပုံစံရှိနေသလဲ သိချင်လို့ လာလိုက်တာပါ ညီရာ ညနေ ပြန်တော့မှာလေ”

“ဟုတ်ကဲ့ပါ အကို…အကို့ကိုလည်းလူသာမမြင် ဘူးမတွေ့ဘူးပေမဲ့ မင်းဇင်က အမြဲပြောပြလို့ ကျ နော်က သိပြီးသားပါ”

“မင်းဇင်က ဘာတွေပြောလို့လဲ ညီရ”

“သူ့ဆရာ”ခေတ်သစ် ကာလီဒါသ”အကြောင်း အစုံပါပဲ အကို”

“မိန်းမကိစ္စပဲ ညီရာ…ဆရာဆိုတာ မရှိပါဘူး… ဘာမှမသိ ဘာမှအတွေ့အကြုံ မရှိသေးတဲ့ လူငယ်တွေ အတွက်တော့…သူတို့ မသိသေး တာတွေ ပြောပြခဲ့လို့ ဆရာခေါ်ခဲ့တာနေမှာပါ”

“ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပြသင်ပေး ခဲ့တာပဲ အကိုရယ် ဆရာခေါ်ရမှာပေါ့”

“ဆရာလို့ ခေါ်ကြတဲ့ ကျော်မြင့်မောင် ယူတဲ့မိန်းမက ကျော်မြင့်မောင်နဲ့ ပေါင်းမနေပဲ……နောက်တစ်ယောက်နောက်လိုက်သွားတယ်ဆိုရင်ညီဘယ်လိုပြောမလဲ…လှောင်ရယ်ချင်စိတ်ဖြစ်များ ဖြစ်သွားမလား”

“ဗျာ!ကျ နော် နားမလည်ဘူး အကို”

“အော်!မိန်းမကျမ်းကျေတာ ဆရာ ခေါ်ကြတဲ့ ကျော်မြင့်မောင်ယူထားတဲ့ မိန်းမက နောက် တစ်ယောက်နောက် လိုက်သွားလို့ ညီရ”

သံဒိုင် ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။နာမည်သိတာကြာပြီဖြစ်သော်လည်း…အခုမှ တွေ့ဖူးမြင်ဖူးစကားပြောဖူးတဲ့ လူမို့ဟက်ဟက်ပက်ပက် ရယ်ပြစ်လိုက်ရမှာ……အားနာနေမိသည်။

“ရယ်ချင်ရယ်လိုက်ပါ ညီ… အားမနာပါနဲ့ အ ဟား ဟား…အကိုက မရှက်ပါဘူး…… မိန်းမသဘောတွေကိုသိပြီးသားမို့ဘာမှလည်း မဖြစ်ပါဘူး”

“ဟုတ်ကဲ့!”

“ဖြစ်စကတော့ သူငယ်ချင်းတွေက လှောင်တာ ပေါ့……နောက်နှစ်ယောက်ပေါ်တင်ယူပြလိုက် မှ ငြိမ်သွားတော့တယ်”

You've reached the end of published parts.

⏰ Last updated: Mar 26 ⏰

Add this story to your Library to get notified about new parts!

ဒေါ်ဝါနုနုလွင်Where stories live. Discover now