Part 10

2K 11 1
                                    

အခန်း ( ၁၂ )💠

“ဟေ့ရောင် မောင်ငယ်”

“ဟာ!ရဲကျော်…ဘယ်ချိန်ပြန်ရောက်တာလဲ”

“ဒီနေ့ပဲ…ခိုင်ထွန်းကြီးနဲ့ရောတွေ့ပြီးပြီ…ဒီညဆုံ ရအောင်လို့ ချိန်းခဲ့တယ်…အောင်နိုင် နဲ့လည်း တွေ့လို့ပြောခဲ့တယ်…သူက မင်း မန်းလေး သွားတယ်ဆိုတာပြောပါတယ်…ပြန်လာပြီလား သိအောင်လို့ လာကြည့်လိုက်တာ”

“စောစောကပဲရောက်တာ…ခုမှရေခူ ိးပြီးလို့ ဆိုင်ကယ်နှိုးနေတာ…မစီးတာ ကြာနေလို့ ဝပ်နေလို့ဟေ့”

“ဒီကောင်ကြီး ငါ မလေးရှားသွားကာနီးမှ ဝယ် ထားတဲ့ကောင်ကြီး မဟုတ်လား”

“အေးလေ ကျောင်းတက်ရင်းစီးဖို့ ကျောင်းမ ဖွင့်ခင် ဝယ်လိုက်တာကြီးပေါ့……ကျောင်းပြီး သွားတော့လည်းတွေ့တာဟာတွေကမကြိုက် တာရော…ကြိုက်တဲ့ဟာကျ လည်း ပိုက်ဆံ မလိုက်နိုင်တာရောကြောင့် မရောင်းဖြစ်ပဲ စီး နေတော့တာ ငါ့ကောင်ရေ”

“မင်းက ဆိုင်ကယ်ကိုတော့ သံယောဇဉ်သိပ် ကြီးပါတယ် မောင်ငယ်ရာ…ဒီဘီးကြီးတွေကျ 2D ထည့်ရတာရော ဘာတွေရောနဲ့ …… ပျင်းတယ်ကွာ…ကိုယ်နဲ့လိုက်တဲ့ 125 ပဲကိုက် ပါတယ်……ဟိုမှာဘီးကြီးစီးတဲ့သူတွေ မြင်ရင် မင့်ကို သတိရမိတယ်…ဘောလုံးပွဲတွေ ကြည့် ရင်လည်း မင်းဇင်ကို သတိရမိတယ်”

“အေးပါ…ငါနဲ့မင်းဇင်လည်းကျောင်းတက်တုန်း က မင့်အကြောင်းတွေ ပြောဖြစ်ပါတယ်ကွာ… ဒါနဲ့ ဟိုမှာ ဘီးကြီးတွေ အမျိုးမျိုးစီးကြလား”

“စီးတာပေါ့ ငါ့တော့ ဘာအမျိုးအစားတွေမှန်း မသိဘူး မင်းဆိုရင်တော့ မြင်တာနဲ့သိလောက်တယ်…”

“အေးကွာ! ငါတို့ဆီလည်း နောက်ပိုင်းကျ ရင် အမျိုးမျိုးဝင်လာမှာပါ…ခုတော့ ဒီကောင် လောက်ကိုင်နိုင်ရင်ပဲ ညံ့တဲ့အထဲ မပါတော့ ဘူးပေါ့” (ငယ်သံဒိုင်တို့ ခောတ်က KTM တွေ Z1000တွေ မရှိသေးဖူးနဲ့ တူပါသည်။)

“မင်းနဲ့ဆိုင်ကယ်နဲ့လည်း လိုက်ပါတယ်…… မောင်ငယ်ရာ…နောင် အသစ်တွေဝင်လာရင်တော့ မင့်အကြိုက်ပေါ့…”

ဒေါ်ဝါနုနုလွင်Onde histórias criam vida. Descubra agora