"ဟုတ်ပါတယ် အရင်အရသာပဲ"

ဂျောင်ကုဘက်က စကားဆုံးဆုံးချင်း ထွက်လာသည့် သက်ပြင်းအရှည်ကြီးမှာ အီဂျစ်ပြည်​၏ နိုင်းမြစ်ကြီးထပ်တောင် ရှည်နေဦးမည်။

ထယ်ယောင်းတစ်ယောက် စိတ်ရှုပ်စွာဖြင့် သပ်သပ်ရပ်ရပ်ဖြစ်နေသည့် ဆံနွယ်တွေကိုဖွလိုက်ပြီး

"မသိတော့ပါဘူး ဒါလင်ရယ် အရသာက ပေါ့နေသလိုခံစားရတယ်"

ထမင်းဝိုင်းက ထပြီး ထိုင်ခုံအနောက်မှာ လွှားထားသည့် Cardiganအညိုလေးကို ထပ်ဝတ်လိုက်သည့် ထယ်ယောင်းကို ခြေဆုံးခေါင်းဆုံးကြည့်နေမိသည်။

ဒီနေ့က ဆေးရုံသွားရမည့်နေ့ဖြစ်တာမို့ စိတ်ပူပန်နေတာများလား။

"ဟန်နီ ဒီနေ့ ဆေးရုံသွားရမှာမို့လား"  "ဘယ်အချိန် ချိန်းထားလဲ ကိုယ်လိုက်ပို့ပေးမယ်လေ"

"ဆယ်နာရီခွဲချိန်းထားတာ"  "စောတော့ စောပါသေးတယ်"

အချိန်အားဖြင့် ၈နာရီခွဲသာသာ ရှိသေးသည်ဆိုပေမဲ့ ရုံးကို ကိုးနာရီအရောက်သွားရမည့်သူအတွက် မစောလွန်းတော့။

ရက်ချိန်းဆိုတာကလဲ တခြားတော့မဟုတ်။ ဒီရက်ပိုင်း အစားသေချာမစားနိုင်တာကော stressတွေပိနေတာကြောင့်ကောမို့ စိုးရိမ်ပြီး medical checkupလုပ်ထားခြင်းဖြစ်​၏။ ထို့နောက် ဂျောင်ကုမှာ ထမင်းဝိုင်းကလိုက်ထပြီး ကားသော့ကို ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်သည်။

"အင်း စောတော့ စောသေးတယ်နော်...ဟန်နီ ကိုယ့်ရုံးကို လိုက်ခဲ့ချင်လား ဒါမှမဟုတ် အမေတို့အိမ်ကို ခဏဝင်မလား"

ဂျောင်ကု​၏ရုံးနှင့် ထယ်ယောင်းမိဘအိမ်မှာ သိပ်မဝေးတာမို့ စကားလမ်းကြောင်း ခင်းပေးလိုက်ခြင်းဖြစ်သည်။ သို့ရာတွင် ထယ်ယောင်းမှာ သူ့ဖုန်းကို တချက်ကြည့်ပြီး

"အမေ့အိမ်မှာပဲ ခဏဝင်နေလိုက်မယ်လေ...မတွေ့ရတာကြာပြီဆိုတော့ မျက်နှာလေးသွားပြလိုက်ဦးမယ်"

ဂျောင်ကုနှင့် လက်ထပ်ပြီးကတည်းက မိဘအိမ်ကို ရောက်ဖြစ်သည်ဆိုသောအကြိမ်အရေအတွက်မှာ လက်ချိုးရေလို့တောင်ရသည်။

Dada JeonWhere stories live. Discover now