"ဒါနဲ့ ဟာအိုကို ရှောင်နေတာလား"

"ဗျာ"

ထယ်ယောင်း၏ ရုတ်တရက်မေးလာသော မေးခွန်းတွင် ဟန်ဘင်းက အလန့်တကြားဖြစ်သွားဟန်။ သို့ပေမဲ့ သူလည်း ထယ်ယောင်းနဲ့ဆိုရင် ဒီစကားတွေပြောဖို့ ဝန်လေးနေတာမျိုး သိပ်မရှိတော့။

"ရှက်စရာကောင်းတယ်မလား၊ သူ့ရှေ့မှာ ရန်ဖြစ်ခဲ့ပြီး အတန်းခေါင်းဆောင်ပါ မဟုတ်တော့တဲ့ အဖြစ်က"

"ဒါပေမဲ့ ဟာအိုအတွက် ရန်ဖြစ်တာပဲလေ၊ သူရင်ခုန်သွားနိုင်တာပဲ"

ထယ်ယောင်းအတွက် ပထမဆုံးအကြိမ် ရန်ဖြစ်တာကို အားပေးအားမြှောက်ပြုမိခြင်း။

ဟန်ဘင်းကတော့ ခပ်ရေးရေးလေးသာ ပြုံးရင်း သောက်လက်စ ဝိုင်ကို တစ်ငုံမော့သောက်လိုက်လေသည်။

"ကျွန်တော် အတန်းခေါင်းဆောင်နေရာရဖို့ ကြိုးစားခဲ့တာ အစ်ကိုဟာအိုကြောင့်လေ၊ အတန်းခေါင်းဆောင် အစည်းအဝေးတွေဆို အစ်ကိုဟာအိုကို တွေ့ရလို့ ပျော်တယ်၊ ကျွန်တော်က သူ့ရှေ့မှာ ပုံရိပ်ကောင်းတွေပဲ ဖန်တီးချင်ခဲ့တာ၊ အခုလို ရှက်စရာကောင်းတဲ့ အဖြစ်မျိုးမဟုတ်ဘဲနဲ့ပေါ့"

"ဟာအိုက အဲ့လို တွေးမှာမဟုတ်ပါဘူး၊ ငါသူနဲ့ ပေါင်းလာတာကြာပြီ သူ့အကြောင်းသိတယ်၊ မင်း သူ့ကို စကားသေချာ ပြန်ပြောကြည့်"

ထယ်ယောင်းစကားအဆုံး ဟန်ဘင်းက စိတ်ဓာတ်ကျနေသလိုဖြစ်နေရာမှ မျက်လုံးလေးများ အရောင်ပြန်တောက်လာပြီး မျှော်လင့်ချက် အရိပ်အယောင်လေးများ ဖြတ်ပြေးသွားသယောင်။

ဒုန်း

စားပွဲပေါ် လက်သီးနဲ့ထုလိုက်တဲ့အသံကြောင့် ထယ်ယောင်းရော ဟန်ဘင်းပါ တုန်ခနဲ လန့်သွားရသည်။ တရားခံကတော့ တစ်ဝိုင်းတည်း ထိုင်နေ‌သော ချွဲဂန်ဟိုပင်။ လက်သီးချက်သိပ်မပြင်းသဖြင့် ဘေးလူတွေ မသိနိုင်ပေမယ့် တစ်ဝိုင်းတည်းထိုင်နေတဲ့ ထယ်ယောင်းနဲ့ ဟန်ဘင်းအတွက်တော့ သိသာသည်။

"နားငြီးလို့ တိတ်တိတ်လေး နေပေးလို့မရဘူးလား"

ဂန်ဟိုစကားကြောင့် ဟန်ဘင်းက ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီး

Je hebt het einde van de gepubliceerde delen bereikt.

⏰ Laatst bijgewerkt: Mar 31 ⏰

Voeg dit verhaal toe aan je bibliotheek om op de hoogte gebracht te worden van nieuwe delen!

Spring Romance Waar verhalen tot leven komen. Ontdek het nu