🍃13🍃

1.6K 274 33
                                    

(Unicode)

နေ့လယ်စာစားချိန်။
ကျောင်းကန်တင်းတွင် ထယ်ယောင်းနဲ့ ဟာအို မျက်နှာချင်းဆိုင်ထိုင်လျက် ကိုယ်စီ ထမင်းစားနေကြ၏။

"ဂျောင်ဂု ပေးထားတာလား"

"ဟင်"

ရုတ်တရက် အဆက်အစပ်မရှိ ပြောလာသော ဟာအိုစကားကြောင့် ထယ်ယောင်း ခေါင်းလေး ထောင်လာကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားမိသည်။

"ဘာကလဲ"

"နာမည်ကတ်လေ၊ မနက်ပိုင်းအတန်းချိန်တွေတုန်းက စာမကြည့်ဘဲ အဲ့နာမည်ကတ်ကိုပဲ ထုတ်ကြည့်နေတာ တွေ့လို့"

အတန်းခေါင်းဆောင်ဆိုတဲ့အတိုင်း မျက်စိကတော့ လျင်သလား မမေးနဲ့။

"အင်း ဂျောင်ဂုဆီက"

"ဘာလို့ပေးတာတဲ့လဲ"

"အဲ့ဒါတော့ သေချာမသိဘူး"

ထယ်ယောင်းစကားအဆုံး ဟာအိုမျက်နှာက တစ်ခုခုကို သတိထားမိသွားဟန် ပြုံးယောင်သမ်းသွားပြီး ထမင်းဆက်စားနေ‌‌လေသည်။ အခုလို ဟာအိုက တန်းလန်းကြီးနဲ့ မရိုးမယွလုပ်သွားသဖြင့် ထယ်ယောင်း ပုံမှန်ထက် သိချင်စိတ်တွေ ပြင်းပြလာမိကာ အရဲစွန့်၍ မေးလိုက်မိသည်။

"အဲ့ဒါ ဘာအဓိပ္ပာယ်လဲ မင်းသိလား"

"မသိဘူးလား မင်းက"

"ရေးတေးတေးမို့လို့"

ထယ်ယောင်း တကယ်တော့ အနည်းငယ်ကြားဖူးနားဝ ရှိပေမယ့် ဂျောင်ဂုဆီကဆိုတော့ ယုံရခက်သည်လေ။

"နာမည်ကတ်က ငါတို့ ဘယ်ဘက်ရင်အုံမှာရှိတာလေ၊ ပြောရရင် နှလုံးသားနဲ့ အနီးဆုံးနေရာပေါ့၊ အဲ့တော့ နာမည်ကတ်ပေးတာက နှလုံးသားကို ပေးတယ်ဆိုတဲ့သဘောမျိုးပဲ၊ အဓိပ္ပာယ်ကတော့ သဘောကျတယ်တဲ့"

ဟာအို၏ ရှင်းပြချက်အဆုံး ထယ်ယောင်း နှလုံးခုန်နှုန်းတွေ သိသိသာသာမြန်ဆန်လာပြီး ရှက်သွေးလေးများဖြင့် မျက်နှာလေး နီမြန်းလာလေသည်။ ဘာကြောင့်ရယ်မသိ စိတ်ထဲ ပျော်ရွှင်သွားပြီး ကြည်နူးသွားမိ၏။

ဒါပေမဲ့ ဂျောင်ဂုက အဲ့လို အဓိပ္ပာယ်နဲ့ ပေးတာတော့ မဖြစ်နိုင်ဘူးလေ။ တစ်ယောက်တည်း စိတ်ကူးယဉ်မနေတာ အကောင်းဆုံးဖြစ်မည်။

Spring Romance Where stories live. Discover now