"အစ်ကိုလီကုန်းရွှေရဲ့ပိုင်နက်ပဲ...လုံခြုံတယ် သွားရအောင်"

"အင်း" လော့ရှန်ဟွာက ကျန်းလင်းရှဘက်က တစ်နည်းနည်းနဲ့မရမကဖိတ်မည်ကို နားလည်ပြီးသားဖြစ်တာကြောင့် လျောင်ဝူဟွမ်လာဖိတ်ချိန်မှာ လက်ခံလိုက်တော့သည်၊လျောင်ဝူဟွမ်သာ ရက်စက်တတ်တဲ့သူတစ်ယောက်ဆိုရင် ကျန်းလင်းရှဘဝကတော့ မတွေးရဲစရာပေ၊

ထို့နောက်မှာတော့ ကျောင်းဆေးခန်းတံခါးက နောက်တစ်ကြိမ်ဖွင့်လာပြန်သည်၊ဒီတစ်ခါမှာတော့ လော့ရှန်ဟွာတို့အံ့အောသည့်အလှည့်ပေ၊

"ဒယ်ဒီ!"

"ဦးလေးလော့" ထန်းဟော်ရှက ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်ပြီး နူတ်ဆက်လိုက်သည်၊လော့ရှန်ဟွာကလည်း ပျော်သွားပြီးတော့ ကုတင်ကနေဆင်းလာပေမယ့်​ လော့ကျန်းပေ့က အနီးနားလျှောက်လာတာ ဒူးကနေပွေ့ချီလိုက်တော့သည်၊

"ကိုယ့်ကလေးကို ခွင့်တိုင်ပေးဖို့ မင်းကိုပဲအားကိုးရတော့မယ်" လော့ကျန်းပေ့ပြောလိုက်တော့ ထန်းဟော်ရှက ကြက်ပေါက်လေးလို ခေါင်းတစ်ညိတ်ညိတ်နဲ့ညိတ်နေပြီး ဂရုတစိုက်သွားပါဗျဟုတောင်ပြောလိုက်သေးသည်၊

လော့ရှန်ဟွာကရယ်လိုက်ပြီးနောက်မှာ လော့ကျန်းပေ့ရင်ခွင်ထဲတိုးဝင်လိုက်ပြီး တည်ကြည်လေးနက်တဲ့လော့ကျန်းပေ့ရဲ့မျက်နှာကိုမော့ကြည့်လိုက်သည်၊

ထို့နောက်မှာတော့ လော့ကျန်းပေ့က လော့ရှန်ဟွာကို ကားထဲခေါ်ဆောင်သွားပြီး လက်မောင်းကဒဏ်ရာကိုကြည့်လိုက်သည်၊

"ဆေးရုံကိုမောင်း"

"မမောင်းနဲ့တော့... ဒါက ဒဏ်အသေးအမွှားလေးပါ..." လော့ရှန်ဟွာက ပြဿနာအကျဉ်းချုပ်ကိုလော့ကျန်းပေ့အားပြောပြလိုက်တော့သည်၊ထိုအခါမှ လော့ကျန်းပေ့က သက်ပြင်းချလာပြီး လော့ရှန်ဟွာရဲ့ပါးဖောင်းဖောင်းလေးကို ဖွဖွလေးဆွဲလိမ်လိုက်သည်၊

"သူက အကြံအစည်တွေများနေရင်တောင် မင်းကိုယ်မင်း ထိခိုက်စေတဲ့အထိ သူ့ကိုမလုပ်ရဘူး ကြားလား ကလေးလေး"

"နောက်တစ်ခါမဖြစ်စေရဘူး ဒယ်ဒီ"

"အင်း"

"ပြီးတော့ ပါတီကိစ္စရှိသေးတယ်" လျောင်ဝူဟွမ်ရဲ့ကိစ္စကိုပါရှင်းပြလိုက်ပြီးနောက်မှာ လော့ကျန်းပေ့က အနည်းငယ်တွေးတောလိုက်သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now