ဒါပေမယ့် ဘယ်သူကမှ မသနားပဲ လစ်လျူရှုကာထွက်သွားတော့သည်၊ လော့ရှန်ဟွာတို့လည်း ခုံကိုရှင်းလင်းပြီးနောက်မှာ ထွက်သွားလိုက်ပေမယ့် ချင်လုံမန်က လော့ရှန်ဟွာတို့အနောက်ကိုလိုက်လာသည်၊

"မင်း ပြောစရာရှိသေးလို့လား" လော့ရှန်ဟွာက ရပ်လိုက်ပြီး ချင်လုံမန်ကို မေးလိုက်တော့ ချင်လုံမန်ကခေါင်းညိတ်ပြလာတော့သည်၊

"တကယ်တော့ မုချန်းရုံရဲ့အနောက်မှာ တစ်ယောက်ရှိတယ်"

"ကျန်းလင်းရှမလား" လော့ရှန်ဟွာက မှန်ကန်စွာဖြေလိုက်တာကြောင့် ချင်လုံမန်မှာ ခေါင်းညိတ်လိုက်ရသည်၊

"မင်းသိနေတယ်ပေါ့"

"ငါ့ကို နာမည်ပျက်ချင်တာ သူတစ်ယောက်တည်းပဲရှိတယ်"

'ဘာလို့လဲ'လို့ ချင်လုံမန်မေးလိုက်ချင်ပေမယ့် သူတို့က အခုမှသိတာကြောင့် ဘောင်ကျော်တဲ့မေးခွန်းတွေ မမေးသင့်ပေ၊ဒါကြောင့် ချင်လုံမန်က လော့ရှန်ဟွာရဲ့အကောင့်ကို တောင်းလိုက်ပြီး ပုံတစ်ချို့ပို့ပေးလိုက်သည်၊

"ဒါက တစ်ချိန်မှာ လိုအပ်လာလိမ့်မယ်" ချင်လုံမန်က ပြောလိုက်ပြီးနောက်မှာထွက်သွားတော့သည်၊တကယ်တော့ တုဟန်ယုက ယနေ့အခွင့်အရေးကိုယူကာ လော့ရှန်ဟွာနဲ့ခင်မင်မှုယူရန်လုပ်ခဲ့သော်လည်း ချင်လုံမန်ကကြားကနေ ဖြတ်ခုတ်ခဲ့ခြင်းဖြစ်သည်၊ စာမေးပွဲတိုင်းကို ကြိုးစားဖြေဆိုတဲ့သူကို ကျော်ပြီး အဆင့်တစ်ရသွားတဲ့သူက ဘယ်လိုလူမျိုးလဲသိချင်တာကြောင့်ဖြစ်သည်၊

လော့ရှန်ဟွာက အခြားကျောင်းသားတွနဲ့မတူသည်ကို ချင်လုံမန်သတိထားမိသွားသည်၊ လော့ရှန်ဟွာရဲ့ အပြာရောင်မျက်ဝန်းများက ကြယ်တာရာလိုလင်းလက်တောက်ပပြီး တည်ငြိမ်နေသည်၊လော့ရှန်ဟွာက မခန့်ညားသလို ကြွေချချင်လောက်တဲ့အထိ မလှပေ၊ဒါပေမယ့်​ ချစ်စရာတော့ အတော်ကောင်းသည်၊လူကောင်သေးပြီး ဖြူဖွေးနေတဲ့အသားအရည်တွေနဲ့ တည်ငြိမ်တဲ့ဟန်ပန်လေးတွေပေါင်းလိုက်ချိန်မှာ အတော်ကိုဆွဲဆောင်မှုရှိတဲ့လူငယ်ဆိုတာ ချင်လုံမန်လက်ခံမိလိုက်သည်၊

ဒါက သူ့ဘက်က လော့ရှန်ဟွာကို မိတ်ဆွေသဘောမျိုး စိတ်ဝင်စားမိတာကြောင့် မှတ်ချက်ချခြင်းသာဖြစ်သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now