Ep 1

230 4 2
                                    

ကြယ်​များကင်းစင်နေသော ကောင်းကင်ကြီးနှင့်​ အေးမြ​သည့်လေပြေများက မိုးရာသီကို ကိုယ်စားပြုနေသယောင်။
ခြောက်ကပ်ကပ်လမ်းမထက်ကိုငေးကာ ချစ်သောတွေးမိသည်မှာ မနက်ဖြန်ဆိုရန်ကုန်ရဲ့ရှုပ်ထွေးလွန်းသည့်လမ်းမကြီးတွေအစား စိမ်းလန်းစိုပြေတဲ့တောင်တန်းများကိုသာမြင်ရတော့မည်။ စိတ်ကူးနဲ့တင်ကိုချစ်သောရင်ခုန်မိပါသည်။

ချယ်ရီပန်းများ၊ထင်းရှူးပင်များ၊တောင်တန်းများ၊ကျေးလတ်သဘာဝများဖြင့် ပြည့်နှက်နေသည့် ကလောမြို့...။သဘာဝကိုချစ်မြတ်နိုးသည့် ချစ်သောအား ထိုအရာများနှင့် ပြည့်နှက်နေသည့် ကလောမြို့ကလေးဟာ နွေးထွေးစွာစောင့်ကြိုနေပါသည်။မြန်မာနိုင်ငံ အနှံသို့ခရီးများထွက်ခဲ့သည့်ချစ်သောမှာ ကလောမြို့ကလေးဆီကိုတော့ ယခုမှာသာသွားဖြစ်ခဲ့သည်။ချစ်သောတစ်ယောက်မှာ ထင်းရှူမြို့ဟုလည်း အမည်တွင်သောထိုမြို့ကလေး၏ မနက်ခင်းများကိုကြည့်ရှုဖို့ အကြိမ်ကြိမ်မျှော်လင့်ခဲ့ဖူးပါသည်။သို့သော် အလုပ်ကိစ္စများနှင့်သာ နပန်းလုံးရင်း ကိုယ့်စိတ်ကြိုက် ခရီးပင်မထွက်ဖြစ်ပါချေ။

မကြာခင်တွင်တော့ ချစ်သော၏ ဆန္ဒများပြည့်ဝတော့မည်ဟု တွေးမိတိုင်း ရင်ခုန်ကြည်နူးရပါ​သေးသည်။
သဘာဝကိုချစ်မြတ်နိုးသည့်ချစ်သောအတွက်တော့ ငွေကြေးဂုဏ်ပကာသနများမရှိရင်တောင် သဘာဝနဲ့ထိတွေ့ကာ အေးချမ်းစွာရှင်သန်ရရင်ကို လုံလောက်ပါသည်။

'' ဒေါက်...ဒေါက်...ဒေါက်...''

'' သား...နွေလေး..မေမေဝင်လာမယ်နော်.. ''

မိခင်ဖြစ်သူဒေါ်မြဦးနွေရဲ့စကားသံကိုကြားမှ ချစ်သောအတွေးများကိုလက်စသတ်မိသည်။

''ဟုတ် ....မေမေ....''

ဒေါ်မြဦးနွေတံခါးကိုဖွင့်ကာဝင်လာတော့ ချစ်သောတံခါးဝတွင်ရပ်၍ချစ်စရာအပြုံးလေးနဲ့ဆီးကြိုနေသည်။ ရယ်လိုက်ရင်ဖောင်းတက်သွားနဲ့ပါးမို့မို့လေးက အပြစ်အနာအဆာကင်းကာ ပန်းနုရောင်သန်းနေသည်။ပြုံးလိုက်တိုင်းကွေးညွှတ်သွားတဲ့ ကကြီးပုံ နှုတ်ခမ်းလေးကခပ်ညီညီသွားလေးများအားဘောင်ခတ်ထားသည်။
ဒေါ်မြဦးနွေတစ်ယောက် ချစ်စရာကောင်းလွန်းလှသည့် သားဖြစ်သူအားကြည့်ကာ မပြုံးဘဲမနေနိုင်တော့ပေ။

ဦးတည်ရာWhere stories live. Discover now