#2

231 56 14
                                    

တစ်ခါတလေလစ်လျှူရူ့ထားရင်တောင်...
မအားလို့ဆိုပြီးကိုယ့်ကိုကိုလိမ်ကာ...နားလည်ပေးခဲ့ဖူးတယ်...

**********************************

"သားဘာတွေတွေးနေတာလဲ...ကျောင်းတတ်ဖို့လိုအပ်တာတွေမ၀ယ်တော့ဘူးလား..."

"ကိုကိုကလိုက်၀ယ်ပေးနေကျလေ...ကိုကိုလာမှသွား၀ယ်မယ်."

"ဒါဆိုလဲ သားကိုကိုထယ်ယောင်းကိုဖုန်းဆက်ကြည့်လေ...မနက်ဖန်ဘဲကျောင်းတတ်ရတော့မယ်..."

"ဟုတ်ကဲ့"

ဂျင်ဖုန်းထုတ်ပီး 'koko' ဆိုတဲ့ contact‌ေလးကိုနှိပ်ပြီးဖုန်းဆက်လိုက်တယ်...
#လူကြီးမင်းခေါ်ဆိုသောတယ်လိုဖုန်းမှာ ဆက်သွယ်မူဧရိယာပြင်ပလို့ရောက်ရှိနေပါသဖြင့်ခေါ်ဆို၍မရနိုင်ပါ...အသံmassageချန်ထားခဲ့နိုင်ပါတယ်#

"ကိုင်လားသား.."

"မကိုင်ဘူးမေမေ ကိုကိုမအားလို့နေမှာပါ ညနေကျမှသားကိုယ်တိုင်ကိုကို့ဆီလိုက်သွားလိုက်မယ်..."

"အေးအေး"

ဂျင်တယောက်ထယ်ယောင်းရဲ့ Companyဆီလိုက်သွားတယ်...ကိုကို့Companyကိုရောက်တာဒါနဲ့ဆိုသုံးခေါက်ဘဲရှိသေးတယ်...ကိုကိုက အလုပ်ကိုမလာခိုင်းထားလို့လေ...သ၀န်တို့လို့ဆိုပြီး။

"CEO Kim နဲ့တွေ့ချင်လို့ပါ..."

"ခဏစောင့်ပေးလို့ရမလားရှင့်...CEO kim အရေးကြီးတဲ့ဧည့်သည်နဲ့စကားပြောနေလို့ပါ..."

"ရပါတယ်ခင်ဗျ ဒီမှာဘဲထိုင်စောင့်နေလိုက်ပါ့မယ်..."

"ဟုတ်ကဲ့ပါရှင့်..."

ဂျင်ဂိမ်းဆော့ရင်း ထိုင့်စောင့်နေတယ် တော်တော်ကြာတော့ ကိုကိုကအပြင်ထွက်လာတယ် ဘေးမှာလဲကောင်မလေးတစ်ယောက်နဲ့...

'ကိုကို..."

*အရေးကြီးတဲ့သူဆိုတာက မိန်းကလေးတစ်ယောက်လားကိုကို*

"ဂျင်ဘယ်လိုရောက်လာတာလဲ?"

"ကိုကိုဖုန်းမကိုင်လို့လိုက်လာတာလေ"

* နာမ်မည်အရင်းတွေတောင်ခေါ်လို့ပါလားဂျင်တဲ့လား...ကလေးလို့တောင်မခေါ်တော့ဘူးလားကိုကို သူကဘယ်သူမို့လို့လဲ*

Thorn Of LoveNơi câu chuyện tồn tại. Hãy khám phá bây giờ