"အယ် ဦး ကုန်သွားပြီ၊ ပေး ကျွန်တော် ဆေးပေးမယ်"

သူ ဘာသာ ဇွတ်တွေလုပ်နေတဲ့ကောင်ကို လွှတ်ထားလိုက်သည်။

"hey! မင်းပြောတဲ့ ဆိုင် က ဘယ်နားမှာလဲ"

"...ရပ်ကွက်...လမ်း မှာလေ သိပ်မဝေးဘူး"

သိတာနဲ့တေဇာ ကားသော့ ဆွဲကာ ထွက်မလို့ လုပ်တော့

"ဦး!! ဘယ်သွားမလို့လဲ"

"မင်းပြောတဲ့ ဆိုင်သွား မလို့"

"ကျွန်တော်လည်း လိုက်မယ်လေ"

"မင်းက ဘာလိုက်လုပ်မှာလဲ၊ မလိုက်နဲ့ ရှုပ်ရှုပ်ယှက်ယှက်"

"မရဘူး လိုက်မှာနော်"

"လိုက်ချင် မင်းဘာသာ ကားနဲ့သွား၊ ငါ မင်းကို မခေါ်သွားနိုင်ဘူး"

"ဦး နော်၊ လိုက်မှာလို့ ဟီးးးး အီးး အားးးးးးးးးးးးးးးးးးးးးးးးးးး"

"ကျစ် ဟေးးးးး လီး မို့ စွတ် အော်နေတာလား၊
လိုက်ခဲ့ကွာ"

....................

သိပ်မကြာခင်မှာ လူကြိုက်များသော cafeဆိုင်ကို တေဇာရဲ့ကား ရောက်လာတော့သည်။

ကားပေါ်မှ body တောင့်တောင့် ထွားထွားကျိုင်းကျိုင်းလူတစ်ယောက်နဲ့ ကလေးသာသာ ကောင်လေးတစ်ယောက် ဆင်းလာသည်။

မသိရင် သားအဖတွေ ဆိုင်လာထိုင်သလိုပင်ဖြစိသည်။

"ဦး!"

"ကျစ် ငါ မင်းကို ဘာပြောထားလဲ"

"ဟုတ် ဟုတ်"

ပြောပြီး နှစ်ယောက်သား ဆိုင်ထဲ ဝင်လာလိုက်သည်။
ဆိုင်က လူအတော် များနေသည်။ ဝိုင်းလေးတစ်ခုသာ လွတ်နေ၍ တေဇာ တို့ နှစ်ယောက် ဝင်ထိုင်လိုက်သည်။

တေဇာ ဆိုင်ထဲ လိုက်ကြည့်လိုက်တော့ မတွေ့ပါ။ အဝတ်ပြောင်းသွားတာ ဖြစ်နိုင်ပေမဲ့ မျက်နှာတူတာကိုမတွေ့ပါ။

*ကျစ်! စိတ်ညစ်တာကွာ*

ပြီးနောက် တေဇာ လည်း နည်းနည်း ပါးပါးမှာ စားလိုက်သည်။ ဘေးရှိ ​ပြိတ္တာ ကတော့ ရသမျှ အကုန် မြိုနေသည်။

"ကို တေဇာ!!"

တေဇာ ရော၊ ငွေသော်တာ ရောကြည့်လိုက်တော့

Bad Guy (လူဆိုး)Where stories live. Discover now