Unicode
ကောင်းကင်ဘုံ၏ပင်မစာကြည့်တိုက်ခေါ် ဋီကာပီတိတိုက်သည်အခုံးပုံစံပေါင်းမိုးဖြင့် တစ်ထပ်တည်းသာဖြစ်၏။အဆောက်အဦကို အဆင့်မြင့်အရံအတားများအထပ်ထပ်ဖြင့်ကာရံထားပြီး အရေးပေါ်ထွက်ပေါက်အပါအ၀င် မူလတံခါးကြီး ငါးချပ်သာရှိလေသည်။လာရောက်သူများက မူလတံခါးကြီးလေးချမ်မှ၀င်ထွက်ခွင့်ရှိမှာဖြစ်ပြီး တိုက်၏အတွင်းမှအချက်အလက်များခိုးယူခံရသောအခါတွင်ဖြစ်စေ၊ အခြားအရေးပေါ်များမှာဖြစ်စေ မူလတံခါးကြီးများကအလိုအလျောက်ပိတ်ကျသွားမှာဖြစ်ပြီး အစီအရင်၏စောင့်ရှောင့်သူများက လျှို့ဝှက်အရေးပေါ်ထွက်ပေါက်မှ၀င်လာကြမှာဖြစ်လေသည်။
ရူရူတို့နှစ်ယောက်အတွင်းဘက်သို့၀င်လိုက်သောအခါ များပြားလှသည့် လူတစ်ကိုယ်စာ အခန်းငယ် ထောင်ပေါင်းများစွာတွေ့ရပြီး မီးနတ်ဘုရားငယ်ကတော့ထိုအရာက မှတ်တမ်းများကိုထိန်းသိမ်းထားပေးထားသည့် မြွေဖြူဝိညာဉ်များ၏အဆောင်များဖြစ်သည်တဲ့။
တစ်ကယ်ကအေဆာင်ငယ်များကို တစ်ကိုယ်စာလျှောက်လမ်းလေးအနည်းငယ်စီသာ ခြားထားခြင်းဖြစ်ပြီး အချို့နေရာများတွင်အဆင့်မြင့်ကျောက်ဖြူများဖြင့်ကန့်သန့်ကာ မြွေဖြူဝိညာဉ်အချင်းချင်းပူးပေါင်းကာ သတင်းအချက်အလက်များပျက်စီးမသွားဖို့စီမံထားခဲ့သည်။
မြေဖြူဝိညာဉ်များသည် ပုံသဏ္ဍာန်ကပကတိမြွေအရွယ်ဖြစ်သော်လည်း ဝိညာဉ်ဖြစ်တာမို့အဖြူရောင်မျောလွင့်နေသည့် ဖောက်ထွင်းမြင်ရသည့် အပိုင်းအစများပင်။ အချို့မြွေ၀ိညာဥ်များက ငြိမ်သက်ကာ အိပ်စက်အနားယူနေသော်လည်း အချို့က ရူရူတို့ကိုကြည့်ကာ ရန်စောင်လျက်။မည်မျှပင်ကောင်းကင်ဘုံ၏တာ၀န်ကြီးသောနေရာတွင်ရောက်နေပါစေ မူလသတ္တဝါများ၏ပင်ကိုစရိုက်ကိုတော့မဖျောက်ဖျက်နိုင်ပေ။
"ရှီး...ရှီး..."
မြွေများက ၎င်းတို့၏အေဆာင်တွင်းမှနေကာရူရူ့ကိုအဓိကထားရန်ထောင်နေကြခြင်း။
မီးနတ်ဘုရားငယ်က ဤအဖြစ်အပျက်ကိုချက်ချင်းသဘောပေါက်ကာ ဖိအားအနည်းငယ်ကို တိုက်အတွင်းချက်ချင်းပျံ့နှံ့စေလိုက်သည်။
သေချာပေါက်ပင် မြွေများ၏ရန်စောင်မှုမှာငြိမ်ကျသွားပြီး ဘာမှပင်ရန်မထောင်နိုင်တော့ချေ။
YOU ARE READING
ထိပ်သီးနတ်ဘုရား၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]
FantasyWhat's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024