Part II

377 2 0
                                    

Rainbow in the Dark
Episode 2

ကိုယ့်ရဲ့နေရက်နဲ့ ကိုယ်ပိုင်အချိန်တွေကို တခြားသူကိုဆုံးဖြတ်ခွင့်ပေးလိုက်တာက ဘယ်လိုခံစားမှုမျိုးလဲ။ နှင်းဝတ်မှုန်အဲ့တာကိုသိချင်နေခဲ့တာကြာပြီဖြစ်သည်။ မနေ့ကတင် ဘဝမှာပထမဆုံးဆုံဖူးသည့်လူတစ်ဦးထံ သူ့အမိန့်ကို သုံးလတိတိ နာခံဖို့ စာချုပ်ချုပ်ခဲ့သည်။

နေ့သစ်လေးရဲ့ မနက်ခင်းမှာတင်မနေ့ကအကြောင်း ပြန်စဉ်းစားရင်းစိတ်လှုပ်ရှား နေမိသည်။ သူက သူမအပေါ် ဘာအမိန့်တွေ ပေးလောက်မလည်း ဆိုတာကို နှင်း ဝတ်မှုန် တွေးကြည့်သည်။ ဘယ်လောက်ပဲ စိတ်လှုပ်ရှားနေပါစေ။ ရုံးဝန်ထမ်းမို့ အချိန်တန်တော့ ရုံးသွားဖို့ပြင်လိုက်သည်။ ရေချိုးပြီး အလှပြင်နေတုန်းမှာပဲ ရဲမာန်ထူး ထံမှဖုန်းဝင်လာသည်။

"Hello"

"Good Morning နှင်းဝတ်မှုန်။ မနေ့ကပေးလိုက်တဲ့ Choker လေးရှိသေးလား"

"အင်းရှိသေးတယ်"

"ရုံးသွားတဲ့အခါ အဲ့ဒါကို ဝတ်သွားစေချက်တယ်။"

"ရုံးတက်ချိန်တော့ အဲ့ဒါကိုဝတ်ထားဖို့ အဆင်မပြေဘူးလေ"

"ကိုယ်သိပါတယ်။ ရုံးပေါ်မှာထိတော့ ဝတ်သွားသရာမလိုပါဘူး။ ရုံးအဝထိပေါ့ ok လားး"

"Ok လေ"

"ဒါပဲနော်။ နေ့လည်ကျ ကိုယ်မင်းအိမ်ကို လက်ဆောက်ပို့ထားပေးမယ်"

ပထမဆုံးထိန်းချုပ်မှုက Choker လေးဝတ်သွားဖို့လား။ ပျင်းစရာတောင် ကောင်းသေးသည်ဟု နှင်းဝတ်မှုန်တွေးလိုက်မိပေမယ့် အဲ့အတွေးက မှားယွင်း ကြောင်း အိမ်ကနေ ကားမှတ်တိုင်သို့ လမ်းလျှောက်နေစဉ်မှာတင်သိလိုက်ရသည်။

နှင်းဝတ်မှုန်က အရာရှိတစ်ယောက်မို့ ပုံမှန်ဆို လိုင်းကားစီးလေ့မရှိဘဲ ဖယ်ရီဖြင့်သာ သွားလေ့ရှိပေမယ့် ဒီနေ့တော့ စိတ်လှုပ်ရှား အတွေးလွန်နေတာနဲ့ ဖယ်ရီလွတ်သွားခဲ့သည်။ ငွေနှင်းမှုန်က ယူနီဖောင်းအပေါ်ကနေ အနွေးထယ်အပါး လေးတစ်ထည်ကို ထပ်ကာ ဝတ်ဆင်ထားသည်။

သူမလည်ပင်းမှာ ရဲမာန်ထူးပေးသည့် Choker လေးကိုဝတ်ဆင်ထားသည်။ ဘာရယ် ကြောက့်မှန်းမသိ ဒီနေ့မှ လမ်းတစ်လျှောက်ရှိ လူတိုင်းကသူမကို လိုက်ကြည့်နေသလို ခံစားရသည်။ စိတ်ထဲမှာ မလုံခြုံသလိုမျိုး။ တစ်စုံတစ်ယောက်၏ အမိန့်ကို နာခံခြင်း၏ သင်္ကေတဖြစ်သော Choker လေးအကြောင်း တစ်စုံတစ်ယောက်က နားလည်နေသည်ဟုခံစားရသည်။

Rainbow of the dark (ရောင်းရန်မဟုတ်ပါ)Where stories live. Discover now