Part I

719 6 0
                                    

Rainbow in the Dark
Episode 1

"ဟာ.... အပျိုကြီး ဒီနေ့ပြန်တာစောလှချည်လား။ လှလှပပလဲဝတ်လို့"

လေးနာရီထိုးတာနဲ့ မာဖီလဲပြီး ပြန်ဖို့ပြင်နေတဲ့ နှင်းဝတ်မှုန်ကို အထက်အရာရှိက လှမ်းစသည်။ နှင်းဝတ်မှုန်ကတော့ ဘာကိုမှ ထွေထွေထူးထူးပြောမနေပဲ ဓါတ်လှေခါးရှိရာသို့သာလာလိုက်သည်။

ဓါတ်လှေခါးစီးရင်း မှန်လိုပုံရိပ်ထင်နေတဲ့ ဓါ‌တ်လှေခါးရဲ့ တခါးမှာ မိတ်ကပ်အဆင် ပြေမပြေ ပြန်စစ်ဆေးလိုက်သေးသည်။ ရုံးရှေ့ရောက်တော့ Taxi တစ်စီးကိုငှားကာ ရဲမာန်ထူးနဲ့ချိန်းဆိုထားသောနေရာကိုထွက်လာခဲ့သည်။

နှင်းဝတ်မှုန်က အသက်အားဖြင့် ၃၀ ခန့်သာရှိသေးပေမယ့် အရာရှိစာမေးပွဲကို ဝင်ရောက်ဖြေဆိုကာ အောင်မြင်ထားသည့် ဦးစီးအရာရှိတစ်ဦးဖြစ်သည်။ ရုပ်ရည်က ချောမောသလို ခန္ဓာကိုယ်အချိုးအစားကလည်း လှပတင့်တယ်သူဆိုပေမယ့် အစိုးရရုံးတစ်ရုံး၏ အရာရှိဖြစ်သည့် သူမရဲ့အရှိန်အဝါကြောင့် သူမအနားသို့ တော်ရံုယောက်ျားလေးတွေမကပ်ရဲကြပေ။ ရည်းစားလည်းမရှိသည့် သူမကို ရုံးက လူတွေက အပျိုကြီးဟုပင် စနောက်ကာ ခေါ်ကြသည်။

သို့သော်လည်း နှင်းဝတ်ရည်က အလုပ်ထဲကိုသာ အာရုံစိုက်နေသည့် Serious type, innocent type မိန်းမတစ်ယောက်တော့မဟုတ်ပေ။ သူမနှင့်ရွယ်တူ မိန်းကလေးများနည်းတူ Social app မျိုးစုံကို အသုံးပြုပြီး ခေတ်မီစွာနေထိုင် သူဖြစ်သည်။

ထို့ပြင် နှင်းဝတ်မှုန်က သူမသည် လွှမ်းမိုးခံရခြင်းကို သာယာတက်သူမှန်းသတိထား မိကာ ထိုအကြောင်းနှင့်ပတ်သပ်၍လည်းကောင်းစွာလေ့လာထားသည်။ ထိုကိစ္နှင့်ပတ်သပ်၍ အကောင့်တုတစ်ခုဖွင့်ကာ အသုံးပြုလျှက်ရှိပြီး ထိုအကောင့် တုမှတစ်ဆင့် လွှမ်းမိုးရခြင်းမှ သာယာမှုကို ခံစားသူတစ်ဦးဖြစ်သည့် ရဲမာန်ထူးနှင့် ချိတိဆက်မိကာ လူချင်းတွေ့ရန် ‌သွားနေခြင်းဖြစ်သည်။

ချိန်းထားသည့်နေရာကို ချိန်းထားသည့်အချိန်အတိအကျ နှင်းဝတ်မှုန်ရောက်သွားသည်။ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖြစ်သည်။ ရုံးဆင်းချိန်မို့လူကတော့ပြည့်နေသည်။ သူမဝင်လာတော့ ထောင့်ဖက်ဝိုင်းတစ်ခုကနေ သူမအရွယ် လူတစ်ယောက်က လက်လှမ်းပြသည်။ နှင်းဝတ်မှုန်က ထိုလူထံလျှောက်သွားလိုက်သည်။

Rainbow of the dark (ရောင်းရန်မဟုတ်ပါ)Where stories live. Discover now