Chapter-47 (Zawgyi)

Start from the beginning
                                    

"ဟင် မြူမှိုင်း..ဘာဖြစ်တာလဲဆိုတာ အမကိုတော့ ပွင့်ပွင့်လင်းလင်း ပြောပြပါ၊ မြူမှိုင်းမှာ သေရေးရှင်ရေးလောက် အရေးကြီးတဲ့ကိစ္စမရှိဘဲ ဒီလိုမျိုးတာဝန်တွေကိုထားပစ်ခဲ့ဖို့ ဆုံးဖြတ်မှာ မဟုတ်ဘူးဆိုတာ အမသိတယ်"

"....."

"ကိုယ်ဝန်တဲ့ အမ၊ မြူမှိုင်းမှာ ကိုယ်ဝန်ရှိနေတာ...သူပြောမှ မြူမှိုင်းကိုယ်ဝန်ဆောင်နိုင်တယ် ဆိုတာကိုလည်း သိရတာ၊ အစတည်းက..သူက..သူက..သိရဲ့သားနဲ့ မြူမှိုင်းကိုမပြောဘဲ...အဟင့်...အခုဗိုက်ထဲမှာ...ကလေးလေးရောက်မှ....သူအသိပေးတာ!"

"ဟယ်......"

တစ်ဖက်က မအိသူလည်း အံဩလွန်းလို့ထင်တယ် ဘာစကားသံမှကို မကြားရတော့။ မြူမှိုင်း ရေချိုးခန်းရဲ့တံခါးကိုသာမှီကာ လက်သည်းတွေကိုကိုက်ကာ ငိုနေရင်း မအိသူကို ဖွင့်ပြောမိသည်။ မြူမှိုင်းကို ထူးဆန်းတယ်လို့ မအိသူလည်း တွေးသွားမှာပေါ့။ ကိုယ်တိုင်တောင် ကိုယ့်ကိုကိုယ်ကို လက်ခံနိုင်ဖို့ ကြိုးစားနေရတုန်းပဲဟာ။

"ခဏလေး...ခဏလေးနော် မြူမှိုင်း...ဘယ်လိုလုပ်ရမလဲဆိုတာ အမကိုစဉ်းစားချိန်လေး ခဏပေး"

မအိသူ အိပ်ယာပေါ်ကပင် ဝုန်းခနဲပင် ဆင်းပြေးလိုက်မိပြီး တစ်ဖက်အခန်းမှာ အိပ်နေကြတဲ့ မချောနဲ့Intern တို့ရဲ့ အခန်းကိုသာ တံခါးခေါက်ပြီး ပြေးသွားနှိုးလိုက်မိသည်။ အိပ်ဖို့ပြင်နေကြတဲ့သူတွေဆိုတော့ အားလုံးက Pajamas တွေနဲ့သာ။အခုဟာက တစ်ယောက်တည်းခေါင်းနဲ့တွေးဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စမလား။

"အရမ်းလန့်သွားမှာပဲ မြူမှိုင်းရယ်၊ မြူမှိုင်းရဲ့လူကရော ဘာပြောလဲ၊ သွားမယ်ဆိုရင်ကော သူကသွားခိုင်းမှာမို့လို့လား၊ သူ့ကလေးနဲ့ဟာကို...အမတော့ မြူမှိုင်းကို ပေးသွားလိမ့်မယ်လို့ မထင်ဘူး"

"ဟင့်အင်း...သူနဲ့ မြူမှိုင်းရဲ့ကလေးက ဘာမှမဆိုင်ဘူးအမ။ သူတောင် မြူမှိုင်းကို ဘာမှအသိမပေးဘဲ သူ့ဟာသူဆုံးဖြတ်ခဲ့သေးတာ၊ အခုကိစ္စလည်း သူဝင်ပြောလို့မရဘူး...မြူမှိုင်း ကိုယ့်ပါသာကိုယ်ပဲ ဆုံးဖြတ်မယ်"

"မဟုတ်သေးပါဘူး မြူမှိုင်းရယ်..ခဏလေး စိတ်အေးအေးထားပါဦး၊ အခုလိုသွေးပူနေတဲ့အချိန်မှာ ဆုံးဖြတ်ချက်ကို အမြန်ချလိုက်တာ မကောင်းဘူး"

My Sponsor (ကျွန်တော့်စပွန်ဆာ) Where stories live. Discover now