“မောင် ပြန်တက်လာနေပြီလား။”
ကြာသပတေး၊သောကြာရက်များတွင် မန္တလေးမှအသိမိတ်ဆွေများ၏ဆေးခန်းတွင်ထိုင်တတ်သောမောင့်ထံဖုန်းဆက်၍မှာရန်ပြင်သော်လည်း နောက်ကျခဲ့ပြီဖြစ်သည်။“ပုသိမ်ကြီးဘက်ကိုတောင်ရောက်နေပြီ မြတ်ရဲ့။ ဘာအရေးကြီးတာလဲ။”
မိုးဦးကျ၍ကြည်လင်နေသော သူမ၏စိတ်မှာ အမျိုးသားဖြစ်သူ၏အသံကိုကြားရချိန်မှာ နှစ်ဆပင်ကြည်လင်သွားသလိုထင်ရသည်။
“ဆေးခန်းမှာ stoneကုန်နေပြီမောင်ရဲ့။ မီသေးရင် ဝယ်ခိုင်းမလို့ပါ။မနက်ကစာရင်းထဲလည်း မထည့်မိလို့လေကွာ။”
သူမ အားလျော့သလိုပြောတော့ သူမ၏အမျိုးသားက ခပ်အုပ်အုပ်ရယ်ရင်း “စာရင်းထဲမပါပေမယ့် ကျွန်တော် ဝယ်ခဲ့ပါတယ်ဗျာ။”ဟု ဆိုသည်။ သူတို့နှစ်ဦးသည် တက္ကသိုလ်ဘဝကတည်းကပင် မေတ္တာမျှခဲ့ကြသည်။ တန်းတူ၊ရွယ်တူဖြစ်သော်လည်း တစ်ယောက်ကိုတစ်ယောက် လေးစားသမှုရှိ၏။ နှစ်ယောက်အတူဆေးခန်းထိုင်ချိန် လူနာများရှေ့တွင် မောင်က သူ့ကိုယ်သူ ကျွန်တော်ဟု သုံးနှုန်းပြီး သူမကို ဆရာမဟူ၍သာခေါ်သည်။ နှစ်ယောက်တည်းရှိချိန်တချို့တွင်လည်း မောင်က ကျီစယ်သောအားဖြင့် သူ့ကိုယ်သူ ကျွန်တော်ဟု သုံးနှုန်းသည်။
မောင်နှင့်ဖုန်းပြောနေစဉ်ပင် ဆေးခန်းရှေ့ ဆိုင်ကယ်ရပ်သံနှင့် ဆေးခန်းဆီလှမ်းလာသောလူရိပ်ကိုတွေ့ရသည်။
“patientလာလို့ ဖုန်းချမယ်မောင်။ ဂရုစိုက်မောင်းခဲ့အုံး။” ဟုပြောရင်း ဖုန်းချကာ ဆေးခန်းထဲဝင်လာသူကို register ယူဖို့ပြင်ရသည်။“ညီမလေးရဲ့နာမည်လေးပြောပါ”
သက်သက်ရှိနေလျှင် ထိုအလုပ်ကို သူမလုပ်ဖို့မလိုပါ။ chairတွင်ထိုင်ကာ လူနာလာမည်ကို စောင့်ရုံပင်။
“ကျွန်မနာမည် မေဦးမိုး ပါ ဒေါက်တာ။”
နာမည်တိုသော်လည်း ထူးဆန်း၍ တွေ့ရနည်းသောနာမည်မျိုးဖြစ်သည်။
“အသက်နဲ့ နေရပ်လိပ်စာ၊ဖုန်းနံပါတ်လေးပါပြောနော်။”
“အသက်က ၂၇ပါ။ ရပ်ကွက်ကြီး၁၇မှာ နေပါတယ်။ ဖုန်းနံပါတ်က ၀၉-*********ပါ။”
အခန်း (၁)
Começar do início