Rose on the grave (အုတ္ဂူထက္က နှင္းဆီနီနီ )

124 2 0
                                    

အပိုင်း ၆

'......'

ဖုန်းဝင်လာခြင်း ဖြစ်သည်။
ဖုန်းကိြုကည့်လိုက်တော့ ဖခင်ဖြစ်သူ ဦးမင်းနောင်ဖြစ်နေသည်။.

ခွန်းနောင် ဖုန်းကို မကိုင်ဘဲ ထားလိုက်သည်။ တကယ်တော့ ခွန်းနောင်သည် ဖခင်ဖြစ်သူ၏ နောက်မိန်းမကို အမြင်မကြည်၍ အိမ်ပေါ်မှာမနေချင်တာနဲ့ အခွင်ြ့ကုံသည့် PPTT သင်တန်းကို တက္ကာ ဝင်ခွင့်စာမေးပွဲ ဖြေလိုက်ခြင်းဖြစ်သည်။

ခွန်းနောင် ရဲ့ မိထွေးက ခွန်းနောင်ထက်အလွန်ဆုံးကြီး ၇ နှစ်ပေါ့။ ဖေဖေ့ကိုပဲ အပြစ်ပြေါရမလား။ မေမေဆုံးတာ တစ်နှစ်ကျော်ရုံပဲ ရှိသေးတာ။
ဘယ်ကမှန်းမသိတဲ့မိန်းမကို အိမ်ပေါ်ခေါ်လာပြီး မေမေ့နေရာ အစားထိုးခဲ့သည်။

ခွန်းနောင်ဘယ်လိုမှ သဘောမတူနိုင်။ ကြည့်ပါအုံးဗျာ။
ဒီလိုငယ်ရွယ်တဲ့ မိန်းမတစ်ယောက်ကို အိမ်ပေါ်ခေါ်လာတာ ခွန်းနောင်ဘယ်လိုမှ မကျေနပ်။

အမေအသစ်လိုချင်ပါတယ်လို့ ဘယ်တုန်းကမှ မပူဆာဖူးပါဘူး ။
ဖေဖေမို့လို့ လုပ်ရက်တယ်။

ခုလည်း ဝင်ခွင့်ဖြေတာ အောင်မြင်ပြီး order ထွက်သည်နှင့် တာဝန်ကျသည့် ရွှေမြောင်ရွာကို ထွက်လာခဲြ့ခင်းဖြစ်သည်။

'ဖေဖေတို့ လွတ်လွတ်လပ်လပ်ပျော်ကြပါ သားရှိနေရင် ဖေဖေ့မိန်းမ ငြူစူနေအုံးမယ် '

ခွန်းနောင် ထိုကဲ့သို့ ပြေါခဲ့စဉ်က ဦးမင်းနောင် မျက်နှာမကောင်းချင်။
သို့သော်လည်း မတက်နိုင်ချေ။
ဘယ်လိုပြဲဖစ်ဖြစ် မေမေ့အတွက် ခွန်းနောင် လုံးဝ စိတ်မကောင်း ။

ခုလည်း ဖုန်းဆက်လာသည်ကို ခွန်းနောင် မကိုင်။
နေကောင်းလား။ အဆင်ပြေလား။ ကျန်းမာရေးဂရုစိုက်နော်။
အဲ့တာတွေကလွဲရင် ဘာဖြစ်နိုင်ပါ့မလဲ။

ထို့ကြောင့်လည်း ခွန်းနောင် ဖုန်းမကိုင်ခြင်းဖြစ်သည်။ အိမ်ကထွက်လာကတည်းက စိတ်ကိုဆုံးဖြတ်ချက်ချထားပြီးသား။
ဖေဖေနဲ့ အဲ့မိန်းမ မကွဲမချင်း ပြန်မလာဟူ၍။

ခဏအျကာ ဖုန်းက ထပ်မြည်လာပြန်သည်။ ဒီတစ်ကြိမ်လည်း မကိုင်ပေ။ ဖုန်းသံမရပ်မချင်း ဒီအတိုင်းထိုင်နေလိုက်သည်။
ဖုန်းကျသွားပြီး နောက်ငါးမိနစ်အကြာ ထပ်မြည်လာပြန်သည်။

Rose on the Grave (အုတ္ဂူထက္ကနှင္းဆီနီနီ) Where stories live. Discover now