Jမိသားစု​၏ တစ်ဦးတည်းသော သားဖြစ်သည့်အလျောက် ဘယ်လို omegaမျိုးနှင့် boundဖြစ်သွားမလဲဆိုသည့်မေးခွန်းဟာလဲ ကိုရီးယားနိုင်ငံ​၏ hot search ထဲအမြဲနေရာယူထားစဲ။ သို့ရာတွင် အရာအားလုံးက ထင်ထားသလို ဖြစ်မလာခဲ့။

ထိုအမျိုးသားလက်ထပ်လိုက်သောသူမှာ သာမန် betaတစ်ယောက်ဖြစ်ပြီး မိသားစုဟာလဲ အနည်းငယ် ချမ်းသာရုံမျှသာ။

အကုန်လုံးနားလည်အောင် တိုတိုနှင့် လိုရင်းပြောရမည်ဆိုလျှင် ထိုသူဟာငွေဇွန်းကိုက်ပြီးမွေးဖွားလာသည့် betaတစ်ယောက်သာဖြစ်သည်။

သို့ရာတွင် visual ကိုတော့ သွားရှုပ်လို့မရ။ 'လိုချင်တာမှန်သမျှရသည်'ဟု အဓိပ္ပာယ်ရသော Kimမျိုးရိုး​၏ တစ်ဦးတည်းသောသားဖြစ်သည့် ကင်မ်ထယ်ယောင်း'က ဂရိနတ်ဘုရားတွေ​၏ လှပခြင်းမျိုးကို ပိုင်ဆိုင်ထားသည်။

မွေးရာပါ အညိုရောင်ဆံသားကောက်ကွေးလေးနှင့် နို့နှစ်ရောင်အသားအရေက ထိုသူ​၏ signatureဟုဆိုလျှင်မမှားပေ။ လှပသော နှုတ်ခမ်းသားနှင့် ပြည့်စုံချောမွေ့ခြင်းဟု နာမည်တပ်နိုင်သည့် နှာတံစင်းစင်းလေးကိုလဲပိုင်ဆိုင်ထားသည်မို့ ရုပ်ရည်ကိုကြည့်ရုံနှင့်တင် အသက်ရှူမှားလောက်ပါ​၏။

"ဟန်နီရေ ကိုယ်သွားတော့မယ်နော်"

ဝတ်စုံအပြည့် ဝတ်ဆင်ကာ သပ်သပ်ရပ်ရပ်ဖြီိးလိမ်းထားသည့်သူက အလုပ်သွားရန် အဆင်သင့်ဖြစ်နေခဲ့သည့်။ သို့သော် တစ်ယောက်သောသူမှာ ထမင်းစား စားပွဲပေါ်တွင် ငုတ်တုတ်ကြီး အိပ်ငိုက်လျက်။

"ဟန်နီ~"

"ဟမ်-ဟင်!"

ပါးနှစ်ဖက်ကို ဆွဲ၍ ဒုတိယတစ်ကြိမ်ထပ်ခေါ်ကြည့်တော့မှ မျက်စိအနည်းငယ်ပွင့်လာပုံရသည့် ဟန်နီက သူ့မျက်နှာကို မော်ကြည့်ရင်း ဆူပုတ်ကာ

"ဒီနေ့ တစ်ရက်ပဲ အလုပ်မသွားလို့မရဘူးလား"

"မရဘူးလေ ဟန်နီရယ်....ဒီနေ့က ရုံးခွဲတွေအကုန်လုံးကို ပြန် checkရမဲ့နေ့လို့ ကိုယ်ပြောသားပဲ"

ဂျောင်ကုဘက်က ရအောင်ချော့ပြောပေမဲ့ ခေါင်းမာပုံရသည့် ထယ်ယောင်းက ဘယ်လိုစကားပဲဖြစ်ဖြစ် လက်မခံပဲ တင်းခံထားစဲ။

Dada JeonWhere stories live. Discover now