89-ကျုံးချိုးပွဲတော် ညနေခင်းဝယ် လကြည့်ရင်း မီးပုံးယှဉ်ပြိုင်ကြမယ်

76 1 0
                                    

|| ကျုံးချိုးပွဲတော် ညနေခင်းဝယ် လကြည့်ရင်း မီးပုံးယှဉ်ပြိုင်ကြမယ် [ အပိုင်း ၁] ||

" ချွင် "

မီးပွားတွေဟာ လွင့်ပျံထွက်လာတယ် ။

ဓားသွားဟာ ကျောက်သားကြမ်းပြင်ထဲ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားပြီး ရှဲ့လျန်ဟာ လက်နှစ်ဖက်လုံးနဲ့ ဓားကို တင်းတင်းဆုတ်ကိုင်ထားကာ ခေါင်းကိုငုံ့ထားရင်း ဓားရိုးပေါ်မှာ သူ့ရဲ့ နဖူးကို တေ့ထိထားတယ် ။ အံတင်းတင်းကြိတ်ထားလွန်းတာကြောင့် သွားတွေဟာ သူ့ပါးစပ်ထဲမှာ အမှုန့်ဖြစ်သွားတော့မလိုဘဲ ။

" အသုံးမကျတဲ့ အမှိုက်သရိုက် ! "

ချီရုံက တဟားဟားအော်ရယ်တယ် ။

" ဘာ အသုံးမကျတဲ့ အမှိုက်သရိုက်လဲ ! ခင်ဗျားကျုပ်ကို မသတ်ရဲဘူးဆိုတာ ကျုပ်သိတာပေါ့ ! ကျုပ် ဘယ်လောက်ပဲ ခင်ဗျားကို လှောင်လှောင် ကျုပ်ဘယ်လောက်ပဲ ခင်ဗျားကို ရွှံ့ထဲ ဆွဲချ ဆွဲချ .. တခြားသူရဲ့ လည်ပင်းကိုထောက်ထားတဲ့ ဓားတစ်ချောင်း ကျုပ်လက်ထဲမှာရှိနေသ၍ ခင်ဗျားကျုပ်ကို ဘာမှမလုပ်နိုင်ဘူး ! ခင်ဗျားက အသုံးမကျတဲ့ ငကြောက်ပဲ ! ခင်ဗျားလို နတ်မင်းက ဘာလုပ်ဖို့ အတွက်နဲ့ အသက်ရှင်နေရသေးတာလဲ !?"

ဒါပေမဲ့ ရှဲ့လျန်က လုံးဝ တည်ငြိမ်သွားခဲ့ပြီးပြီ ။ တစ်ချက်ကြည့်လာတဲ့ သူ့မျက်လုံးတွေက အေးစက်နေခဲ့တယ် ။

" သိပ်လည်း ဆန္ဒစောပြီး ဝမ်းသာမနေနဲ့ဦး ငါမင်းကို ဘာမှ မလုပ်နိုင်ပေမဲ့ လုပ်နိုင်တဲ့သူ ရှိသေးတယ် "

ချီရုံက ဟွန့်ကနဲ ရေရွတ်တယ် ။

" ခင်ဗျားက ကျွင်းဝူကို ခြေသလုံးဖက်ပြီး ကူညီပေးဖို့ တောင်းခံမလို့ စဉ်းစားနေတာလား ? အိမ်မက်မက်မနေနဲ့ ! အခုသူက ခင်ဗျားကို အဖက်လုပ်လို့လား ? ဟမ် ? ခင်ဗျား အရှက်မရှိဘဲ သူ့ရဲ့ဦးဆောင်မှုနောက်ကို လိုက်နေတုန်းလား ? ခင်ဗျား အဲဒီလောက်ပဲ တုံးရလား ?"

ရှဲ့လျန်က ချီရုံကိုယ်ပေါ်က ခန့်ညားထည်ဝါပြီး သားနားကျော့ရှင်းတဲ့ ယွဲ့ရှန် ဝတ်ရုံကို ဆွဲချွတ်လိုက်ပြီး ရော့ယယ်ကို ခေါ်လိုက်ကာ သူ့ကို တုတ်နှောင်ပြီး ဘေးကို ပစ်လိုက်တယ် ။

ထျန်းကွမ်းစစ်ဖူ (volume 3 Zawgyi)Where stories live. Discover now