It's time to......

Start from the beginning
                                    

''ဟုတ်ကဲ့..''

ဆိုင်ထဲကနေ တစ်လှမ်းချင်း ဖယ်ခွာလာတဲ့ ခြေလှမ်းတွေရဲ့ သရုပ်ပျက်မှုကို ပတ်ဆောင်းဟွန်းဆိုတဲ့ လူငယ် သတိမထားမိအောင် ဂျယ်ယွန်း တစ်ဝတ်မကသော ခွန်အားတွေကို သုံးလိုက်ရတယ်။ အိမ်ပြန်ရောက်လို့ သူ့ရဲ့အဖြူထည်မျက်နှာလေးကို မြင်တဲ့အခါ ရင်ခွင်ထဲ ဆွဲသိမ်းယူလို့ ဖတ်ပြီးမငိုမိအောင် ထိန်းသိမ်းဖို့အတွက် ဘယ်ဘုရားက ကောင်းချီးခြွေပေးလေမလဲ..။

အရှင်..အပိုင်ဖြစ်မလာနိုင်တဲ့ အရာကို မတပ်မက်မိအောင် ဟောဒီက အချစ်ရူးကြီးထံ ကရုဏာအချို့ စွန့်ကြဲလှည့်ပါဦး..။

တယိမ်းတယိုင်နိုင်လွန်းတဲ့ တည်ငြိမ်မှုတွေကို ဟန်မပျက်ထိန်းသယ်ထားရတဲ့ အိမ်ပြန်လမ်းမှာ အထီကျန်ခြင်းတွေပေကျံနေပုံက အကျည်းတန်လိုက်တာ..။

လောကမှာ ဆည်းဆာဖြာနေပေမယ့် ဂျယ်ယွန်းရဲ့ကမ္ဘာမှာတော့ လေဟာနယ်ချည်း။
ဖူးစာရေးနတ်တွေရဲ့ တေးဆိုသံတိုးတိုးမပျံ့လွင့်တော့တဲ့ စက်ဝန်းထဲ လိပ်ပြာတွေ အတောင်ပံကြွေကုန်တယ်..။

နာကျင်ခြင်းတွေ၊ ဝမ်းနည်းခြင်းတွေ၊ လစ်ဟာခြင်းတွေ၊ ပူလောင်ခြင်းတွေ ပြည့်နေတဲ့ ကမ္ဘာကို သေချာခံစားမိလိုက်တဲ့ အခိုက်အတန့်မှာတော့ ဂျယ်ယွန်း တစ်ခုခုကို ရှင်းလင်းစွာပင် ထိတွေ့လိုက်ရတယ်။

လက်လွှတ်ခြင်းဆိုတာ ဒီအခြေအနေကို ခေါ်ဆိုကြတာများလား..။

ရွှံ့စေးနံ့သင်းတဲ့ အခန်းကျဥ်းထဲ ခြေမချမီ တံခါးရှေ့မှာ မတ်တပ်ရပ်လို့ အရာရာအတွက် ထိန်းချုပ်နိုင်စွမ်းတွေကို ဂျယ်ယွန်းမွေးယူရပါတယ်။

သူ့လက်ဖျားလေးတွေကို ပတ်ဆောင်းဟွန်းရှေ့မှာ မထိတွေ့မိစေဖို့၊
ပိတုန်းရောင် ဆံနွယ်အိအိတွေကြား လက်ချောင်းတွေ မသမ်းယှက်မိစေဖို့၊
စကြာဝဠာမျက်ဝန်းတစ်စုံကို ခပ်တွေတွေ မငေးကြည့်မိစေဖို့၊
သူ့နဖူးပြင်နုနုပေါ် မထိန်းသိမ်းနိုင်စွာ အနမ်းအပိုင်းအစအချို့ မကြဲချမိစေဖို့၊
နေရောင်စဥ်နွေးနွေးတွေ ထည့်ဖွက်ထားတဲ့ သူ့ရင်ခွင်ကြား ခေါင်းဝင်မတိုးမိစေဖို့၊
သူ့ရှေ့မှာ မျက်ရည်တွေ ရစ်သီနေတဲ့ မျက်ဝန်းတွေနဲ့ မျက်နှာချင်း ဆိုင်မနေရစေဖို့..

Beyond the horizon [Heejake]Where stories live. Discover now