21

3.5K 48 0
                                    

ရဲထွဋ်တစ်ယောက် အာမခံဖြင့် အချုပ်ထဲက ပြန်လွတ်လာတော့သည်။ ဆေးထိုးအပ်သူ့ဆီမှာတွေ့တယ် ဆိုပေမဲ့ လက်ဗွေယာ မရှိတာရော် မျက်မြင်သက်သေမရှိတာရော် ကြောင့် စောင့်ကြည့်နဲ့ ပြန်လွတ်လိုက်သည်။

ရဲထွန် ပြန်လွတ် လွတ်ခြင်း အိမ်သို့အမြန်ပြေးတော့သည်။ အိမ်တံခါးဖွင့် အိမ်ထဲဝင်ဝင်ခြင်းမှာပင်

"နွေ နွေ ထွက်ခဲ့အုန်း။ ကိုမင်းနဲ့ ပြောစရာတွေရှိသွားပြီ "

နွေ အပေါ်ထပ်မှ စာအိတ်တစ်ခုကို ကိုင်ရင်း တည်ငြိမ်စွာ ဆင်းလာပြီး

" ပြော ကိုရဲထွဋ်ကို "

" နွေ မင်းဘာတွေ လုပ်နေတာလဲ။ ဆေးမှားစားတာလား။ ငါကဘာကြောင့် လုပ်ရမှာလဲ။ မင်းအဖေကို ငါ့အဖေလိုပဲ သဘောထားတာကွ။"

" ဟုတ်လား။ ရော့ အာ့မှာ ရှင်ကြည့်။ "

နွေ လက်ထဲက ကိုင်ထားသော စာအိတ်ထဲမှ ဓာတ်ပုံအချို့ကို ထုတ်ပြလိုက်သည်။
ဓာတ်ပုံထဲမှာ ရဲထွဋ်တစ်ယောက် နွေ့အဖေ ဦးထွန်းမြတ်တို့ ပြိုင်ဘက်ကုမ္မဏီနဲ့ စကားပြောပြီး ပိုက်ဆံပေးတဲ့ ပုံတွေ၊ ရယ်မောပြီး နှုတ်ဆက်တဲ့ ပုံတွေဖြစ်သည်။

" နွေ အာ့တာက ဦးခိုင်းထားတာတွေကွ။ မင်းဒါတွေ ဘာကရတာလဲ။ ငါ့နောက်ကို လိုက်ခိုင်းထားတာလား"

"ဒါတွေ ဘယ်ကရလဲ အရေးမကြီးပါဘူး။ ရှင်က ဘာကိစ္စ ကျွန်မအဖေရဲ့ ပြိုင်ဘက်ကုမ္မဏီနဲ့တွေ့ရတာလဲ ။ နောက်ပြီး ရှယ်ယာကရော် ဘာတွေလဲ "

တကယ်ပဲ ဦးထွန်းမြတ်က သူ့သမီးနွေမသိအောင် ရဲထွဋ်ကို သူ့ပြိုင်ဘက်ကုမ္မဏီနဲ့ ပူးပေါင်းကြောင်း လက်မှတ်ထိုးခိုင်းပြီး ဟိုဘက် ကတောင်းတဲ့ ပိုက်ဆံကို ထုတ်ပေးထားခြင်းဖြစ်သည်။  ရှယ်ယာကို ရဲထွဋ်ကိုကို လွှဲပေးထားပြီး သူမရှိတဲ့နောက် သူ့စီးပွား‌ရေး ပျက်ခါနီးတာဖြစ်ဖြစ် အောင်မြင်လာတာ ဖြစ်ဖြစ် သူ့သမီးကို လွှဲပေးပြီး အတိုက်အခိုက်မရှိပဲ  ကုမ္မဏီကို သမီးအား အပိုင်ပေးခဲ့ဖို့ဖြစ်သည်။ သူမရှိတော့ရင် သူ့သမီးကိုလဲ ချက်ချင်းမပေးပဲ အန္တရာယ်ကင်းပြီးဆိုမှ ပေးဖို့ ရဲထွဋ်ကိုကို ကိုယ်စားထိန်းသိမ်းဖို့ လွှဲထားခဲ့ခြင်းဖြစ်သည်။ အဓိကက သူ့သမီးနွေ့ကိုမပြောဖို့ မှာထားသောကြောင့် ရဲထွဋ်အခက်တွေ့ရတော့သည်။

Billionaire ခင်ပွန်းရဲ့ ချစ်ခြင်းWhere stories live. Discover now