Chapter 7

232 34 0
                                    



Chapter 7: အိမ်တစ်အိမ်အားလက်ဆောင်ပေးခြင်းFebruary 08, 2024


စာပေအနုပညာClubမှာ အမြဲလိုလိုပင် ကျောင်းရဲ့ကိုယ်ပိုင်Websiteပေါ်တွင် အချိန်တစ်ခုခြားကာ စာစောင်များတင်လေ့ရှိသည်။ လူသစ်များအတွက် လဝက်စစ်ရေးလေ့ကျင့်မှုမှာပြီးဆုံးခါစဖြစ်သော်ငြား သူတို့Clubမှာစာစောင်အသစ်တင်ပေးရန် တောင်းဆိုခံနေရပြီဖြစ်၏။ လုချီနှင့်Clubရှိအခြားအဖွဲ့ဝင်များမှာ မအိပ်ရသည့်ညပေါင်းများစွာအပြီးတွင်တော့ သတ်မှတ်ချိန်မတိုင်မီ စာစောင်ကိုအပြီးရေးနိုင်ခဲ့သည်။ အဲ့ဒီအတွက်ကြောင့် Clubဥက္ကဌမှာ သူတို့အားရက်ရက်ရောရောပင် အားလပ်ရက်သုံးရက်ပေးလိုက်လေ၏။



လုချီမှာ သာမန်နေ့များတွင် ကျောင်းကန်တင်းရှိအစားအသောက်များအား စားရန်အချိန်မရှိသဖြင့် ကျောင်းအဆောင်မှာပင်ခေါက်ဆွဲပြုတ်စားပြီး အစားပြဿနာကိုဖြေရှင်းရသည်။ ဒီနေ့မှာတော့ သူ့တွင်အားလပ်ချိန်အနည်းငယ်ရသဖြင့် ပထမထပ်ရှိကျောင်းကန်တင်းတွင် စိမ်ပြေနပြေထမင်းတစ်ခေါက်လောက်စားကြည့်ရန် ဆုံးဖြတ်လိုက်၏။



ဟော့မင်ချန်းသည်လည်း ကျောင်းကန်တင်းတွင်ရှိနေသော်ငြား သူတို့ကဒုတိယထပ်တွင်ပင်။ ထိုင်ခုံမှာဝရန်တာ၏ဘေးဖက်ကပ်ရပ်ဖြစ်သဖြင့် သူအောက်ကိုငုံကြည့်လိုက်သည်တွင် လုချီအားမြင်လိုက်ရသည်။ ကျောင်းကန်တင်းအား မကြာခဏမသွားတတ်သောလူနှစ်ယောက်အတွက် ယခုလိုတွေ့ဆုံဖို့ဆိုသည်မှာ ကံကြမ္မာ၏စီရင်ပေးမှုကြောင့်ဖြစ်နိုင်သည်ပင်။



ဟော့မင်ချန်းနေ့လယ်စာစားဖို့ရန်အတွက် သူငယ်ချင်းတစ်စုအား သူကိုယ်တိုင်လုစုထားသဖြင့် သည်အတိုင်းထထွက်သွားလျင်မကောင်း။ သူ့ဖုန်းအားဖွင့်ကာ လုချီဆီသို့စာပို့ရန်ပြင်နေစဉ်မှာပင် အရူးကောင်ဖန်းချီက စပ်ဖြဲဖြဲဖြင့်ရယ်ကာပြောလာ၏။



"ငါအခုဘယ်သူ့ကိုမြင်လိုက်လဲဆိုတာ မင်းယုံမှာတောင်မဟုတ်ဘူး"

တိတ်တိတ်ပုန်းကောင်လေးမလုပ်နဲ့Where stories live. Discover now