Chapter 3: ချိန်းတွေ့ခြင်း

368 49 2
                                    



လုချီက ဟော့မင်ချန်းရဲ့ ဖိတ်ခေါ်မှုကို မည်သို့မျှမတုံ့ပြန်ခဲ့ပေ။ သူ့ရဲ့ဂျာကင်အားပြန်ယူလိုက်ပြီးနောက် အိတ်ကပ်ထဲမှဆေးလိပ်တစ်လိပ်ထုတ်ယူလိုက်တယ်။ ညအမှောင်ထုထဲတွင် မီးခြစ်မှမီးရောင်ကတောက်ပနေကာ သူ့မျက်လုံးမှာလည်း ထိုမီးရောင်မှဝါးမြိုခြင်းခံထားရတယ်။ လုချီဆေးလိပ်တစ်ဖွာရှိုက်လိုက်ပြီးနောက်မှာတော့ သူ့ပုံစံမှာလမ်းသရဲတစ်ယောက်နှင့်တောင်တူ နေတယ်။

"တက္ကသိုလ်‌ကျောင်းဂိတ်တွေက ခဏနေရင်ပိတ်တော့မှာ"

ဟော့မင်ချန်းမှာ များများစားစားတွေးမနေခဲ့။

"ဘာကိုကြောက်နေတာလဲ? တစ်ခုခုပြဿနာတက်ရင် ငါခေါင်းခံပေးလိုက်မယ်လေ"

ဟော့မင်ချန်းလုချီအားတစ်ချက်ကြည့်လိုက်သည်။ ထို့နောက်သူပိုက်ဆံအိတ်ကိုထုတ်ယူလိုက်ပြီး ကဒ်တစ်က‌ဒ်အားယူလိုက်ကာ ခရီးသည်ထိုင်ခုံ‌ပေါ်သို့ပစ်တင်ပေးလိုက်တယ်။ သူလိုချင်သည့်အရာအား အရိပ်အမြွက်ပြနေလျက်ပင်။

"ကားထဲဝင်"

ဟော့မင်ချန်း၏စကားတောင်မဆုံးသေး၊ လုချီမှာကားတံခါးအားအလျင်အမြန်ဖွင့်လိုက်ပြီး ထိုကဒ်ကိုယူပြီးနှင့်နေပြီ။ သွက်လက်ချောမွေ့လှသည့်လှုပ်ရှားမှုဖြင့် တစ်ခဏအတွင်း ခရီးသည်ထိုင်ခုံတွင်ထိုင်ပြီးသားဖြစ်ကာ ၄၅ဒီဂရီရှိသည့် ပြီးပြည့်စုံလှသောအပြုံးအား ဆင်မြန်းထားလိုက်သည်။

"ကျေးဇူးပဲ ငါမှတ်မိသလောက်ဆို ဒီနားမှာဟူနန်စားသောက်ဆိုင်တစ်ဆိုင်ရှိတယ် သူတို့ဆိုင်ကအစားအသောက်တွေကမဆိုးဘူး"

"......"

ဟော့မင်ချန်းမှာ လုချီအားစကားပြန်မပြောတော့ဘဲ ကားစက်နှိုးလိုက်သည်။ လမ်းတစ်လျှောက်လုံးတွင်လည်း လုချီအားအကြည့်လေးတစ်ချက်တောင်မပေးသနားခဲ့။

[ သတိပေးချက်! သတိပေးချက်! ]

လုချီရဲ့ခေါင်းထဲတွင် Systemအသံမြည်လာပြန်၏။

[ Hostဆီကနေ Systemရဲ့စည်းမျဉ်းစည်းကမ်းတွေကိုချိုးဖောက်တဲ့ အပြုအမူတွေကိုတွေ့နေရပါတယ်။ Hostနဲ့မသက်ဆိုင်တဲ့ပစ္စည်းတွေကိုပြန်ပေးလိုက်ပါ ဆယ်မိနစ်အတွင်းပစ္စည်းတွေပြန်မပေးဘူးဆိုရင် ပြင်းထန်တဲ့လျှပ်စစ်ရှော့ခ်ကိုပြစ်ဒဏ်အနေနဲ့ပေးပြီး Life pointတွေလည်းအနုတ်ခံရပါမယ်]

တိတ်တိတ်ပုန်းကောင်လေးမလုပ်နဲ့Where stories live. Discover now