19

325 45 10
                                    

အိမ်ကို ဂျိတ်ခ်ကအရင်ပြန်ရောက်နှင့်နေပြီး ဆောင်ဟွန်းက ဂျိတ်ခ်ရဲ့ အိမ်ကိုပဲ လာခဲ့မယ်ဟု ပြော၍ ညစာအတူစားဖို့ ဆောင်ဟွန်းကို စောင့်နေခြင်းဖြစ်သည်။ အိမ်မှာပဲမလို့ ရိုးရိုးရှင်းရှင်း တီရှပ်အပါးတစ်ထည်နဲ့ ညအိပ်ဝတ်ဘောင်းဘီကိုပဲ ဝတ်ဆင်ထားတယ်။

* Ring ring ring *

မီးဖိုထဲမှာ ပန်းကန်ဆေးနေတုန်း ဂျိတ်ခ်စီကို အမည်မသိဖုန်းတစ်ခုဝင်လာခဲ့သည်။

" Hello "

" ကလေးလေး ကိုယ်အခု မင်းအိမ်ရှေ့မှာ "

" ခင်ဗျား ဘာလာလုပ်တာလဲ "

" ကိုယ့်ကို တံခါးအရင်လာဖွင့်ပေးပါ မင်းပြန်ရောက်နေပြီဆိုတာ ကိုယ်သိတယ် "

ပြောချင်တာပြောပြီး ဖုန်းချသွားတဲ့ အီဟီဆွန်း ကြောင့် မတတ်သာပဲ တံခါးသွားဖွင့်ပေးလိုက်ရသည်။ တံခါးဖွင့်လိုက်တော့ မြင်နေကျရင်းနှီးနေပြီးသားမျက်နှာဟာ ပြုံးပြလို့ ဂျိတ်ခ်ရဲ့ အိမ်ထဲဝင်ဖို့ ရှေ့တိုးလာသည်။

" ခင်ဗျားပြောစရာရှိရင် ဒီမှာပဲပြော "

ဂျိတ်ခ်ပြောတဲ့စကားကို လျစ်လျူရှုကာ အီဟီဆွန်းဟာ ဂျိတ်ခ်ကို တွန်းဖယ်ပြီး အိမ်ထဲသို့ ဇွတ်အတင်းဝင်ရောက်လာခဲ့သည်။ အီဟီဆွန်းကို မြန်မြန်ပြန်လွှတ်မှဖြစ်မည် မကြာခင် ဆောင်ဟွန်းနီပြန်ရောက်လာရင် ပြဿနာတက်မှာကို ဂျိတ်ခ် စိုးရိမ်မိတယ်။

ဂျိတ်ခ်ရဲ့ ဧည့်ခန်းထဲကို ဟိုဟိုဒီဒီ လိုက်ကြည့်လို့စူးစမ်းနေတဲ့ လူကို

" ခင်ဗျားပြောစရာရှိတာမြန်မြန်ပြောပြီး ပြန်တော့"

ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ပြီး ဂျိတ်ခ်ရဲ့ လည်ပင်းနားကို စူးစိုက်ကြည့်နေတဲ့ အီဟီဆွန်းရဲ့ အကြည့်တွေကို မရှောင်လွှဲပဲ ပြန်စိုက်ကြည့်ပေးလိုက်သည်။ ထို့နောက် ဂျိတ်ခ်စီကို ခြေလှမ်းကြဲ ​ကြီးတွေနဲ့ လျှောက်လာပြီး ဂျိတ်ခ်ရဲ့ လည်ပင်းနားကို လာပွတ်သပ်နေတဲ့ လက်တွေကို ပုတ်ထုတ်ပြစ်လိုက်ရင်း

Forever and Ever and AlwaysWhere stories live. Discover now