15

343 48 14
                                    

ဂျိတ်ခ်ရဲ့ အိမ်ကို ဆောင်ဟွန်းရောက်လာတော့ ည 2နာရီထိုးနေပြီဖြစ်သည်။ ဆောနူနဲ့ စကားပြောပြီးတော့ ပွဲကိုအဆုံးသတ်ဖို့ စီစဥ်စရာရှိတာတွေစီစဥ်နေရတာကြောင့် အခုမှ ဂျိတ်ခ်စီကိုရောက်လာခဲ့ရခြင်းဖြစ်သည်။ဂျိတ်ခ်အိပ်ပျော်နေခဲ့လျှင်မနိုးသွား​စေချင်တာကြောင့် မျက်နှာလေးကိုတစ်ချက်ကြည့်ရုံသာကြည့်ပြီး ပြန်လာဖို့စိတ်ကူးထားတဲ့အတိုင်း bellမနှိပ်တော့ပဲ သိပြီးသားpasswordကိုနှိပ်ကာ ဒီတိုင်းဝင်လာခဲ့လိုက်သည်။ ဆောင်ဟွန်းကိုတော့ မီးတွေထွန်းထားတဲ့ အိမ်လေးက ကြိုဆိုနေခဲ့သည်။ ဂျိတ်ခ်က မအိပ်သေးတာများလားဟု တွေးရင်း ဝင်လာခဲ့လိုက်တော့ ဧည့်ခန်းဆိုဖာပေါ်မှာ အင်္ကျီတောင်မလဲရသေးပဲ အိပ်ပျော်နေတဲ့ ဂျိတ်ခ်ကိုတွေ့လိုက်ရသည်။ ဧည့်ခန်းထဲမှာရှိနေကြ စောင်အပါးလေးကို ဖြန့်လို့ ခြုံပေးလိုက်တဲ့အခါ မျက်ဝန်းလေးတွေဟာ လှုပ်ခတ်လာပြီး ဖွင့်ဟလာတယ်၊ ထို့နောက် ထထိုင်ဖို့ရာ ပြင်လာတဲ့ ကိုယ်လေးကို လက်ကနေအသာထိန်းပေးလိုက်ရင်း ဆောင်ဟွန်းလည်း ဂျိတ်ခ်ရဲ့ဘေးမှာဝင်ထိုင်လိုက်သည်။

" ရောက်လာပြီလား ဆောင်ဟွန်းနား "

" Omm...ဘာလို့ ဒီမှာအိပ်နေရတာလဲ? "

" မင်းကို စောင့်နေတာလေ "

ဂျိတ်ခ်ဟာ အိပ်ချင်နေရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အိပ်ယာကနိုးလာရင်ပဲဖြစ်ဖြစ် သူ့ရဲ့ဆံပင်လေးဟာဖွာနေတတ်ပြီး အဲ့လိုအချိန်တွေမှာဆို ပို၍ပင်ခွေးပေါက်လေးတစ်ကောင်နဲ့တူနေတတ်သည်။ အဲ့လိုပုံလေးကို မြင်ရတိုင်း ဆောင်ဟွန်းဟာ အဲ့ဒီ့ ဖွာနေတဲ့ဆံပင်တွေကို ပို၍ပို၍ဖွပြစ်ချင်လာတတ်သည်။

" ဘာလို့စောင့်နေတာလဲ အိပ်လိုက်တာမဟုတ်ဘူး "

" မင်းလာမယ်လို့ပြောခဲ့တယ်မလား "

" ....... "

ဆောင်ဟွန်းရဲ့ အနည်းငယ်နီနေတဲ့ ပါးပေါ်ကို ဂျိတ်ခ်ရဲ့ လက်တွေရောက်လာတယ်။ နွေးထွေးတဲ့ လက်ပိုင်ရှင်လေးစီကို အကြည့်တွေပို့မိတော့ မျက်ရည်ပေါက်လေးတွေစီးကျလို့ အသံတိတ်ငိုနေတဲ့ ကောင်လေးကြောင့် ဆောင်ဟွန်းမှာ ပြာယာခတ်သွားရပြန်သည်။

Forever and Ever and AlwaysWhere stories live. Discover now