Part 29

6.6K 423 83
                                    


ရွှေရင်အေး

အပိုင်း (၂၉)

#ရွှေရင်အေး

03080909

"မမကေ....သမီးတို့ ပြန်လာပြီ..."

ကေ အပင်လေးတွေကို ရေဖြန်းနေရာက ရေပိုက်ကို ပိတ်လိုက်သည်။

"ရခဲ့လားဟင်..."

"ဟုတ်...ရခဲ့တယ်....တစ်ခါတည်း ခြစ်ပြီးသား ဝယ်ခဲ့တယ်...မမ..."

"ကောင်းပါတယ်....လာ...."

သဲသဲက သဘောၤသီးအထုတ်ကို လက်မြှောက်ပြနေတော့ ကေ ခေါင်းညိတ်ပြီး အိမ်ထဲ ဝင်ခဲ့လိုက်သည်။

"မမကေ ကို အစ်ကို ဘာလို့ သဝန်တိုလည်း သမီး သိပြီ...."

"အမလေး...သိပြန်ပြီ....တိုးတိုး တောင် အနားမကပ်ရဲတော့ဘူးနော်...နင် ကျန်သေးတယ်..."

နှင်းက ကြက်သွန်နီ အခွံ့သင်ရင်း ပြောတော့ သဲသဲက ပခုံးကျုံ့ပြတာကို ကေ နားမလည်နိုင်ဘူး ဖြစ်နေသည်။

ကေ ရန်ကုန်က ပြန်လာ ကတည်းက အိမ်က ဝန်ထမ်းတွေက အဆင့်တစ်ခုခြားပြီး ပြောဆိုနေမှန်း သတိထားမိပါသည်။

ဖိုးဖိုး ကိုယ်တိုင်ကလည်း စည်းကမ်းချထားတာမို့ ကေလည်း သူတို့အဆူခံရမှာ စိုးလို့ အလိုက်သင့်လေးသာ နေဖြစ်သည်။

"သမီးတို့ကို လုပ်ကျွေးတာ သိရင် အစ်ကို က စိတ်ဆိုးမလား မသိဘူးနော်..."

"မဆိုးပါဘူး...တိုးရဲ့.. ကေ လည်း ပျင်းနေတာလေ...ပြီးတော့ ခက်ခက်ခဲခဲမှ မဟုတ်တာ...."

"သမီးတို့ ဘာလုပ်ပေးရမလဲဟင်..."

"ဒါလေးတွေ ရေဆေးပေးနော်...."

"ဟုတ်...."

တိုးတိုး နဲ့ သဲသဲက အသီးအရွက်တွေကို ရေဆေးဖို့အတွက် မီးဖိုဆောင် အပြင်ဘက်ကို ထွက်သွားကြသည်။

မေမေကြီးရဲ့ စည်းကမ်းအတိုင်း ကေလည်း အသီးအရွက်ရေဆေးပြီး ကျန်တဲ့ရေကို  အပင်လေးတွေကို လောင်းဖြစ်သည်။

မီးဖိုဆောင် အပြင်ဘက်က ပန်းဥယျာဉ် အသေးစားလေးကို သူတို့ကိုယ်တိုင် သဘောကျတော့ ကေ လုပ်သလိုပဲ အပြင်မှာ ရေသုံးကြသည်။

ရွှေရင်အေးWhere stories live. Discover now