ရွှေရင်အေး
အပိုင်း (၁၂)
#ရွှေရင်အေး
01260948
"ဝူး..."
ကေ့လက်ကို ကိုင်ထားသော်လည်း အရှိန်မြန်နေတာ သိလို့ သူ့ပခုံးပေါ်က လက်က တင်းဆုပ်သွားသည်။
".........."
ဆိုင်ကယ် အရှိန်လျော့ပြီး နှေးသွားတော့မှသာ ကေ မျက်လုံး ပြန်ဖွင့်ရဲသည်။
ကွင်းဘေးက စားပွဲထိုင်ခုံတွေ ချထားတဲ့ နေရာကို ဦးတည် ၍ သွားသည်။
ဆိုင်ကယ် ရပ်လိုက်ပြီး အနောက်ဘက်ကို လှည့်ကြည့်သည်။
"ဆင်းတက်လား ကလျာ...ကျော့် လက်ကို ကိုင်ထား နင်းပြီး ဆင်းလိုက်..."
သူကမ်းပေးတဲ့ လက်ကို ဖျစ်ဆုပ်ကာ အောက်ကို ကြည့်ပြီး ဖိနပ်နဲ့ လိုက်စမ်းကာ နင်း၍ ဆင်းရသည်။
သူကလည်း ဆိုင်ကယ် ဒေါက်ထောက်ပြီး ကေ့လက်ကို ဆွဲကာ ထိုင်ခုံတွေဆီကို ခေါ်သွားသည်။
"နောက်တစ်ခါဆို ငါလည်း ဝင်မယ်...ဟား..ဟား...."
"လုပ်လိုက်လေ...ဆရာရဲ့.."
လူကြီးပိုင်းတွေ ထိုင်နေတဲ့ ဝိုင်းမှာ စားပွဲသေးသေးနဲ့ ထိုင်ခုံ နီးနီးကပ်ကပ်တွေကို ကေ မထိုင်ရဲပါဘူး..။
ဆိုင်ကယ်ပေါ်က လွင့်ကျတယ်ဆိုတဲ့ နံပါတ်ခြောက် ဝတ်ထားတဲ့ လူကလည်း ထိုင်ပြီး စကားပြောနေနိုင်သည်။
"ထိုင်လေ...ကလျာ..."
လူကြီးပိုင်းဆိုပေမဲ့လည်း ဆံပင်ရှည်ရှည်တွေ လက်ပေါ်မှာ ထိုးထားတဲ့ အရုပ်တွေ ကြောင့် ကေ ကြောက်သည်။
သူက ကေ့ ဦးထုပ်မေးကြိုးကို ဖြုတ်ပေးပြီး ဦးထုပ် ချွတ်လိုက်ကာ ပွသွားတဲ့ ဆံပင်တွေကိုလည်း သပ်ပေးသေးတော့ ကေလည်း လက်နဲ့ ဖွဖွ သပ်လိုက်ရသည်။
"ဟာ...ဘယ်သူလေးလဲကွ..."
"ကျော့် မိန်းမပါ..."
"ဒါဆိုရင်တော့ ကျော်ကြီးတို့က သာသွားပြီ...ဟား..ဟား...ငါ့မိန်းမတောင် ဒီကွင်းကို မလိုက်ရဲဘူး...ဘယ်လိုလဲ ကောင်မလေး....နင့်ယောက်ျား မောင်းတာ လန်းတယ်မလား...ဆရာကြီးလေ..."
YOU ARE READING
ရွှေရင်အေး
Random"နောက်ကျောက ဓားမထိုးနဲ့ အရမ်းရွံ့တယ်...အရမ်းမုန်းတယ်...ခင်ဗျားက ရုပ်လေးလှသလောက် စိတ်ဓာတ်က ရွံစရာကောင်းလွန်းတယ်...' "ဘာ..ဘာဖြစ်လို့လဲ..." ကေ နားမလည်သော်လည်း သူ့ဆီက ကြားရတဲ့ စကားလုံးတွေကြောင့် မျက်ရည်က ချက်ချင်းပြည့်အိလာသည်။ လူကြီးတွေ စီစဉ်ပေးတဲ့ အိမ်...