ရွှေရင်အေး
အပိုင်း(၆)
#ရွှေရင်အေး
01220111
"ကေ..ပြိးပြီ..ကျော်.."
"ခဏလေးခင်ဗျ...နေလောင်ခရင်မ် လိမ်းဖို့ မေ့နေလို့ပါ...ခဏလေးပဲနော်..."
ကေ မိတ်ကပ် ပြင်ဆင် အဝတ်အစားလဲပြီးချိန် ပြောလိုက်ပေမဲ့လည်း သူ က အားနာသလို ပြောပြီး အဝတ်လဲခန်းထဲကို ဝင်သွားသည်။
နောက်ပြီး ပြန်ထွက်လာကာ အဝတ်ဘီဒိုကို ဖွင့်ပြီး နေလောင်ခံ လိုရှင်းကို ယူကာ လက်တွေ လည်ပင်းတွေ လိမ်းနေပြန်သည်။
သူ့ရဲ့ အသားအရေ ဝင်းနေတာက သူ့ ထိန်းသိမ်းမှုကြောင့်ဆိုတာ ကေ အခုမှသာ သဘောပေါက်တော့သည်။
ယောက်ျားလေးပေမဲ့ အသားအရောင်က ညီပြီး ကြည်နေတာ သူဂရုစိုက်လို့ပေါ့..။
မှန်တင်ခုံရှေ့မှာ ရပ်ကာ မှန်ကို တစ်ချက်ကြည့်ပြီး ဆံပင်တွေကို လက်ချောင်းတွေနဲ့ ဆွဲ၍ ပုံချနေသေးသည်။
ကေ က မြန်မာဝတ်စုံ လက်ရှည် လိမ္မော်နုရောင်လေး ဝတ်ထားပေမဲ့ သူကတော့ ကြည်ပြာရောင် ရှပ်လက်ရှည်နဲ့ ပုဆိုးအစိမ်းအနက်ကွက်လေး တွဲဝတ်ထားသည်။
"ရပြီ...ခင်ဗျ..."
ကေ ခေါင်းညိတ်လိုက်ပြီး သူ့အနောက်ကနေ လိုက်လာခဲ့လိုက်သည်။
လှေကားတွေ ဆင်းနေရင်းက ရပ်တန့်သွားတော့ ကေ လည်း ရပ်လိုက်မိသည်။
"ကလျာ သွားနှင့်နော်...ကျော့် ကတ္တီပါ ဖိနပ်က အပေါ်ရောက်နေလို့..."
"ကေ ယူပေးရမလား.."
"ရတယ်...ရတယ်....ကျော်ပဲ သိလို့ပါခင်ဗျ....."
လှေကားတွေကို ပြန်တက်သွားတော့ ကေ စီးနေကျ ဒေါက်ဖိနပ်နဲ့ သွားမဲ့နေရာက လိုက်ဖက်ပါ့မလားလို့ တွေးမိသည်။
ကတ္တီပါ ဖိနပ် အပါးလေး တစ်ရံတော့ ဆောင်ထားဖို့ ကေ မှတ်ထားလိုက်ရသည်။
ဖိနပ် ကျောက်စိမ်းရောင် ကို လက်က ကိုင်ပြီး အောက်ထပ် ဆင်းလာတော့ ကေ ဖိနပ်ဝတ်ပြီးပေမဲ့လည်း သူ့ကို ရပ်စောင့်ပေးလိုက်သည်။
YOU ARE READING
ရွှေရင်အေး
Random"နောက်ကျောက ဓားမထိုးနဲ့ အရမ်းရွံ့တယ်...အရမ်းမုန်းတယ်...ခင်ဗျားက ရုပ်လေးလှသလောက် စိတ်ဓာတ်က ရွံစရာကောင်းလွန်းတယ်...' "ဘာ..ဘာဖြစ်လို့လဲ..." ကေ နားမလည်သော်လည်း သူ့ဆီက ကြားရတဲ့ စကားလုံးတွေကြောင့် မျက်ရည်က ချက်ချင်းပြည့်အိလာသည်။ လူကြီးတွေ စီစဉ်ပေးတဲ့ အိမ်...