အခေါင်းကြီးထဲမှာ မင်္ဂလာဆောင်မယ် (ဇာတ်သိမ်းပိုင်း){Zawgyi}

53 1 0
                                    

အခေါင်းကြီးထဲမှာ မင်္ဂလာဆောင်မယ်
[ဝတ္ထုတို]
(ဇာတ်သိမ်းပိုင်း)

ဆန်းလအပြင် ဘမ်လီဗီကပါ တဖြည်းဖြည်းအားနည်းလာခဲ့လေပြီ။
ဒါ့အပြင်အရေးကြီးဆုံးအရာက ဆန်းလမှာ သူနဲ့ရတဲ့ကိုယ်ဝန်ရှိလာခြင်းပါပဲ။

ကျမ်းစာအုပ်တွေထဲ ဘမ်လီဗီရှာဖွေကြည့်ချိန်မှာတော့ အသွင်ပြောင်းသတ္တဝါရဲ့သွေးသားဟာ ဥကနေတဆင့် ပေါက်ဖွားလာနိုင်သည်ဟု ရေးသားထားခဲ့ကြသည်။

အကောင်လိုက်မွေးဖွားခြင်းမျိုးမဟုတ်ဘဲ ဥကနေတဆင့်မွေးဖွားလာမည့်အရာကြောင့် နောက်ဆုံးမှာ ဘေဘီက အရင်လိုအဖြစ်ဆိုးနဲ့ပဲသေဆုံးရပါအုံးမည်။

" ဘမ်လီဗီ "

" ပြောပါ ဘေဘီ ကိုယ်နားထောင်နေပါတယ် "

" ကျွန်မမှာ မိဘတွေရှိသေးတယ်မလား နောက်ပြီး ဦးလေးလဲရှိတယ်မလား "

ရုတ်တရက်ပြောလာသည့်ဆန်းလစကားကြောင့် ဘမ်လီဗီမှင်သက်သွားရ၏။
သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းတွေလျော့နည်းလာသည်နဲ့အမျှ ဆန်းလဟာ ဖျောက်ဖျက်ခံထားရသည့်မှတ်ဉာဏ်တွေကို ဖြေးဖြေးချင်း မှတ်မိစပြုလာလေပြီ။

" အင်း ရှိခဲ့မယ်ထင်တယ် ဒါပေမယ့်.. "

ဘမ်လီဗီ့စကားအဆုံး ဆန်းလဟာ အခန်းအပြင်ဘက်ဆီထွက်သွားလေ၏။

" ဘေဘီ ဘေဘီ ဘယ်သွားမလို့လဲ "

" ကျွန်မအိမ်ပြန်မှရမယ် "

" အိမ် ဟုတ်လား အိမ်ကဒီမှာလေဘေဘီ ဘေဘီ့အိမ်ကဒီမှာလေ "

" မိဘတွေဆီပြန်တော့မယ် ဒီမှာနေရတာ ကျွန်မစိတ်မပျော်တော့ဘူး "

အိမ်အပြင်ဘက်ဆီ ပြေးထွက်သွားသည့်သူကို အားနည်းနေသည့်ဘမ်လီဗီ မတားဆီးနိုင်။

" ဘေဘီ ခဏနေပါအုံး ကိုယ်လိုက်ပို့ပေးမယ် လာခဲ့ ဒီနားကိုလာခဲ့ "

ဆန်းလ ဖြေးဖြေးချင်း ဘမ်လီဗီအနားတိုးလာချိန် အသိစိတ်ထဲကနေ ဝါးတဝိုးပုံရိပ်တွေဟာ ရုတ်ချည်းဆိုသလို မျက်လုံးထဲမြင်ယောင်လာမိသည်။
ဆန်းလ နေရာမှာတင် ခြေစုံရပ်လိုက်ပြီး မျက်စိရှေ့တွင်ရှိနေသော ဘမ်လီဗီကို စူးစိုက်ကြည့်နေမိ၏။

You've reached the end of published parts.

⏰ Last updated: Mar 16 ⏰

Add this story to your Library to get notified about new parts!

One Short CollectionWhere stories live. Discover now